ခုတင်ပေါ်မှာ တသိမ့်သိမ့်ရှိုက်ငိုနေတဲ့မမကို ရှင်းရင်ခွင်ထဲဆွဲဖက်ကာ
"မမ မငိုပါနဲ့တော့ ရှင်းတောင်းပန်ပါတယ် ရှင်းမကောင်းတာပါ မမ မကျေနပ်ရင်ရှင်းကိုရိိုက်ပါ မမတော့ထပ်မငိုပါနဲ့တော့..."
ဒါကရိုက်ရုံနဲ့နဲ့ပြီးမယ့်ကိစ္စလဲမဟုတ်။ပြီးတော့ သူ့ထက်ကိုယ့်အမှားလဲကင်းတာမဟုတ်ဘူး။ရှင်းကိုစိတ်ဆိုးတာထက် ကိုယ့်ကိုယ်ကိုပိုပြီးမုန်းမိသည်။
"ငါ့ဟာငါငိုငိုမငိုငိုနင်နဲ့ဘာဆိုင်လဲ ဖယ် ငါ့ကိုလွှတ်"
"မလွှတ်ဘူး ရှင်းလွှတ်လိုက်ရင် မမထွက်ပြေးသွားမှာပေါ့ လုံးဝမလွှတ်ဘူး""
ရှင်း မမရဲ့ကိုယ်လေးကိုတင်းတင်းဖက်ထားသည်။
"မမ ရှင်းကိုကြည့်ပါဦး "
"မမ ဟန်ဆောင်မနေပါနဲ့တော့ မမလဲရှင်းကိုချစ်သားနဲ့"
"ဘာပြောတယ် "
မမရဲ့ခေါင်းလေးဆတ်ခနဲမော့လာသည်။
"ငါဘယ်မှာဟန်ဆောင်နေလို့လဲ"
မမရဲ့ဒေါသသံနဲ့ပြောလာတဲ့စကားကြောင့်ရှင်းရယ်လိုက်သည်။
"မမရှင်းကိုမချစ်ဘူးလား ဒါဆိုဘာလို့ရှင်းနဲ့နေသေးလဲ"
"နင်...နင်...လူယုတ်မာကြီး နင်ပဲငါ့ကိုအနိုင့်ကျင့်ပြီးတော့"
ရှင်းရဲ့စကားကြောင့် အိမ့်ရှက်လဲရှက်ဝမ်းလဲနည်းပြီး ရှင်းရင်ဘတ်ကိုတဘုန်းဘုန်းထုရိုက်တော့သည်။
မမကိုစိတ်တိုင်းကျရိုက်စေပြီး မမလက်တွေရိုက်ချက်အားလျော့သွားတော့မှ ရှင်းမမကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းကာဖက်ထားလိုက်သည်။မမကတော့ငိုနေဆဲ။ရုန်းကန်ခြင်းတော့မရှိ ငိုရတာမောလို့ပဲငြိမ်သွားတာများလား။
"မမ တောင်းပန်ပါတယ် ရှင်းမမကိုအဆုံးရှုံးမခံနိုင်လို့ပါ"
"မမလဲရှင်းကိုချစ်တယ်မဟုတ်လား "
"ရှင်းမေမေပြောပြလို့အားလုံးသိပြီးပါပြီ"
"ဟင်"
ဒါဆို ရှင်းအားလုံးသိသွားပြီဆိုတော့ရှင်းအမေက အိမ့်နဲ့ရှင်းကိုသဘောတူလိုက်ပြီဆိုတဲ့အဓိပ္ပာယ်လား။ရှင်းနဲ့အိမ့်ကြားမှာအတားအဆီးတွေမရှိတော့ဘူးပေါ့။
