အခုဆိုရင်ရှင်းကအောင်မြင်တဲ့ဒီဇိုင်နာတစ်ယောက်ဖြစ်နေပြီ။အီတလီမှာကတည်းကရှင်းကနာမည်ရနေတော့ ဒီကကုမ္ပဏီလုပ်ငန်းရှင်အတော်များများကရှင်းနဲ့စာချုပ်ချုပ်ချင်ကြသည်။ရှင်းက လာပြီးကမ်းလှမ်းတဲ့ကုမ္ပဏီတွေထဲက(.....)ကုမ္ပဏီနဲ့စာချုပ်ချုပ်ဖြစ်ခဲ့သည်။
အခုဆို ရှင်းလဲအလုပ်အကိုင်နဲ့အခြေကျနေပြီ။မမနဲ့မတွေ့ဖြစ်တာလဲ အတော်ကြာနေပြီ။အိမ်ချင်းကပ်ရပ်ပေမယ့် အချိန်မတိုက်ဆိုင်တာကြောင့် မတွေ့ဖြစ်ကြခြင်းပါ။ရှင်းမမနဲ့မတွေ့တာကြာတော့ လွမ်းလာသည်။အဲ့ဒါနဲ့ပဲ မမတို့ကျောင်းကိုထွက်ခဲ့လိုက်သည်။
"ဟင် "
ရုတ်တရတ်ရှင်းကိုတွေ့လိုက်တော့ အံသြ သွားသည်။ဒီကောင်မလေးဘယ်လိုလုပ်ပြီး
တွေးနေတုန်းမှာရှင်းရဲ့ခေါ်သံလေးနားထဲဝင်လာသည်။
"မမ"
"မင်း မင်းဘယ်လိုလုပ်ပြီးကျောင်းကိုရောက်လာရတာလဲ မင်းအလုပ်မရှိဘူးလား "
"ရှင်းအလုပ်ပြီးပြီ ဒီလိုမှမဟုတ်ရင်မမနဲ့ဘယ်လိုတွေ့ဖို့အချိန်ရမှာလဲ မမကိုရှင်းပြောစရာရှိတယ်"
ကျစ် ဒီကောင်မလေးလုပ်ပုံနဲ့ ။ဘယ့်နှယ်ကျောင်းထိလိုက်ပြီး တော့။
"ရှင်း နောက်မှအေးဆေးပြောတာပေါ့ အခုအရင်ပြန်လိုက်ဦး"
"အတူပြန်မယ်လေမမလဲပြန်တော့မလို့မဟုတ်လား..."
ထိုအချိန်မှာ ဆရာသူရရောက်လာသည်။ကျစ် ဒီလူကြီးဘာလာလုပ်ပြန်တာလဲ။ရှင်း စိတ်ထဲကနေမေတ္တာပို့နေမိသည်။
"အိမ့် အတူပြန်ရအောင်လေကျွန်တော်လိုက်ပို့မယ်"
"မကကျွန်မနဲ့အတူပြန်ဖို့ပြောပြီးသွားပြီ ဟုတ်တယ်နော်မ"
ရှင်းမမရဲ့ခါးလေးကိုလှမ်းဖက်ရင်းပြောလိုက်သည်။ဒီကောင်မလေး လုပ်ပြန်ပီ...အိမ့်ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။
ကိုသူရကလဲ တအံ့တဩကြည့်နေသည်။
"အိမ့် ဒီကညီမက"
"အိမ့်တူမလေးသူငယ်ချင်းပါ"
"aww"
"ဒီကဆရာက ဆရာကိုသူရဖြစ်မယ်ထင်တယ် ရှင်းဆရာ့ကိုသိပါတယ်"
