part 10

5.2K 306 0
                                    

❤️ဟန်ဆောင်ကောင်းတဲ့မမ (၁၀)❤️

ရှင်း ကိုယ့်နားကိုယ်မယုံနိုင်ဖြစ်ရသည်။မမကရှင်းကိုမချစ်ဘူးတဲ့လား...။မဖြစ်နိုင်တာ...ဒါဘယ်လိုဖြစ်နိုင်မှာလဲ။မမလဲရှင်းကိုချစ်တယ်ဆိုတာ မမ နှုတ်ကမပြောမယ့်ရှင်းစိတ်ထဲမှာခံစားမိနေတာကို။

"မမ"

"ရှင်းမယုံဘူးမမ "

"ရှင်း"

ရှင်း မယုံနိုင်ဖြစ်ပြီး၀မ်းနည်းနေတာမြင်တော့ အိမ့်လဲစိတ်မကောင်းဖြစ်ရသည်။ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ ရှင်းအမေကမှကိုယ့်ကိုလက်မခံနိုင်တာ။

"မမတောင်းပန်ပါတယ်ရှင်း မမမင်းအပေါ်ညီမတစ်ယောက်လိုထက်ပိုပြီးမချစ်ပေးနိုင်လို့"

"ဟင့်အင်းမမ ရှင်းမယုံဘူး မမရှင်းကိုညာနေတာပဲ ရှင်းသိပါတယ် ..."

"မမ ရှင်းကိုအဲ့လိုမလုပ်ပါနဲ့ မမကိုရှင်းချစ်သလို မမလဲရှင်းအပေါ်မှာခံစားချက်ရှိတယ်ဆိုတာရှင်းသိတယ် မမ.."

အိမ့်သူမလက်ကိုဆွဲထားတဲ့ ရှင်းရဲ့လက်တွေကိုဖြုတ်ချလိုက်ပြီးလှည့်ထွက်ဖို့လုပ်တော့ ရှင်းကငိုပြီးနောက်ကနေသူမခါးကိုဖက်ထားသည်။နေရာကလူရှင်းတဲ့ပန်းခြံထဲကတစ်နေရာမို့တော်သေးသည်ပြောရမည်။

"မမ "

"ရှင်း အဲ့လိုမလုပ်နဲ့ မမကိုလွှတ်"

"မမရှင်းအပေါ်ခံစားချက်မရှိဘူးဆိုတာ ရှင်းမယုံဘူး"

ပြောပြီးတော့ ရှင်းကရုတ်တရတ် အိမ့်က်ိုယ်လေးက်ိုသူမဘက်ဆွဲလှည့်ပြီး အိမ့်ရဲ့နှုတ်ခမ်းလေးကိုအတင်းနမ်းတော့....။

"ဖြန်း"

အိမ့် ရှက်စိတ်နဲ့ လက်ကအလိုအလျောက်တုန့်ပြန်မိသွားသည်။

"မမ"

အိမ့်လဲရိုက်လိုက်မိပြီးမှစ်ိတ်မကောင်းဖြစ်မိသွားသည်။သို့​ေသာ်ဟန်ဆောင်မာန်တင်းလိုက်ပြီးတော့

"ရှင်း မင်း တို့အပေါ်ဘယ်လိုလုပ်ပြီးဒီလိုရိုင်းပျှနိုင်ရတာလဲ..."

"ရှင်း..ရှင်း...မှားသွားပါတယ် မမတောင်းပန်ပါတယ်"

ပြောပြီးတော့ အိမ့်ရှေ့ကနေရှင်းတစ်ယောက်ငိုပြီးပြေးထွက်သွားသည်။ရှင်းထွက်သွားတော့ အိမ့်လဲ၀မ်းနည်းပြီးငိုမိသည်။တောင်းပန်ပါတယ်  ရှင်းရယ်...မမမင်းက်ိုနာကျင်အောင်လုပ်မိလို့...မမကိုယ်တိုင်လဲခံစားရပါတယ်။

ဟန်ဆောင်ကောင်းတဲ့မမWhere stories live. Discover now