ဆုလေးဖုန်းဆက်ထားတာကြောင့် ရှင်းဆုလေးတို့အိမ်ကိုထွက်လာခဲ့လိုက်သည်။ကျောင်းပြီးတော့ဆုလေးကကုမ္ပဏီတစ်ခုမှာ အလုပ်၀င်နေလုပ်နေတော့ ရှင်း ဆုလေးဆီသိပ်မရောက်ဖြစ်။နှစ်ယောက်သားအိမ်ချင်းကပ်နေရက်နဲ့ မတွေ့ဖြစ်တာတောင်ကြာရောပေါ့။
"သမီး ဆုလေးအပေါ်ထပ်မှာရှိတယ် တက်သွားလိုက်"
ရှင်းကိုမြင်တော့ဆုလေးအမေကလှမ်းပြောသည်။
"ဟုတ် အန်တီခင် "
ဆုလေးအမေကိုနှုတ်ဆက်ပြီး အပေါ်ထပ်တက်လာခဲ့လိုက်သည်။ဆုလေးအခန်းကိုရောက်တော့ဆုလေးက
"အမလေးပေါ်လာတော်မူသေးတယ်နော် ဒေါ်ရှင်းသန့်ကြည်ဖြူ"
"နင်ကလဲ ပြောတော့မယ် နင်ကအလုပ်နဲ့အကိုင်နဲ့ဖြစ်နေပြီဆိုတော့ငါကနင့်ကိုမနှောင့်ယှက်ချင်လို့ပါ"
"ပေါက်တက်ကရပြောတော့မယ် တမင်မလာချင်လို့မလာတာကိုများ"
"တစ်နေ့တစ်နေ့ဟို၃ကောင်နဲ့ပဲအလေလိုက်နေပြီးတော့..."
"တော်ပါတော့ဟာ မဟုတ်ရင်ငါထပြန်သွားလိုက်မယ်နော်"
ရှင်းကထဟန်ပြင်တော့ ဆုလေးကကမန်းကတမ်းဆွဲသည်။
"နင်ကလဲစိတ်ကြီးပဲ ငါကစတာကို..."
ထိုစဥျ
"ဆုလေး သူငယ်ချင်းရောက်နေတာလား"
ဆုလေးတို့တီလေးရောက်လာသည်။ဟိုနေ့ကရှင်းတွေ့လိုက်တဲ့အမျိုးသမီးပဲ။အနီးကပ်တွေ့ရတော့ ပိုပြီးလှသည်...။ရှင်း ငေးနေမိသည်။
"ဟင်"
ဒါဟိုဘက်ခြံကကောင်မလေးပဲ။
"တီလေး ဒါဆုလေးသူငယ်ချင်း ရှင်းသန့်ကြည်ဖြူ"
အိမ့် ဆုလေးသူငယ်ချင်းဆိုတဲ့ကောင်မလေးကိုတစ်ချက်ပြုံးပြီးနှုတ်ဆက်လိုက်သည်။
"ရှင်း ဒါကငါ့တီလေးဆုအိမ့်၀တီ ကျောင်းဆရာမလေနယ်ကပြောင်းလာတာမကြာသေးဘူး"
"aww "
ရှင်းထင်ခဲ့တဲ့အတိုင်း ဆုလေးရဲ့တီလေးဖြစ်နေပါလား။တော်တော်ငယ်တာပဲ။အစက ဆုလေးပြောတော့ ရှင်းကဆုလေးရဲ့တီလေးကိုအသက်ကြီးကြီးမှတ်နေတာ ခုတော့သူမတို့နဲ့အသက်ကသိပ်တောင်မကွာလောက်ဘူး။
