❤️ ဟန်ဆောင်ကောင်းတဲ့မမ ( ၄ )❤️
ရှင်းအိပ်ရာကထတော့ခေါင်းအရမ်းကိုက်နေသည်။မနေ့ကဟိုကောင်တွေနဲ့ဆိုင်မှာသောက်နေတာ အိမ်ကိုဘယ်လိုပြန်ရောက်လာတာပါလိမ့်။
"သမီး နိုးပြီလား "
ကြီးကြီးကပျားရည်ခွက်ကိုယူပြီး ၀င်လာသည်။
"ခုနနေသောက်လိုက်နော်"
"ဟုတ်ကြီးကြီး ဒါနဲ့ညကရှင်းဘယ်လိုပြန်ရောက်လာတာလဲ"
"သမီးမမှတ်မိဘူးလား သမီးကိုတစ်ဖက်ခြံကမခင်ရဲ့ညီမလေးလာပြန်ပို့ပေးတာလေ "
"ဟင် ဟုတ်သားပဲ "
အခုမှ ညကဖြစ်ခဲ့တဲ့အကြောင်းတွေ တရေးရေးမှတ်မိလာသည်။ညတုန်းကမမလဲအိမ်မှာရှိနေတော့မမ...မမအားလုံးမြင်သွားမှာပေ့ါ ရှင်းစိတ်ထဲသိမ်ငယ်သွားမိသည်။
ရှင်းအောက်ထပ်ဆင်းလိုက်တော့မေမေ့ကိုတွေ့သည်။မေမေကထူးထူးဆန်းဆန်း မနက်စာပြင်ဆင်နေပါလား။ရှင်းအံ့သြနေတုန်းမှာ
"အဲ့မှာဘာရပ်လုပ်နေတာလဲ လာမစားဘူးလား"
ရှင်း ပိုပြီးအံ့သြသွားမိသည်။မေမေက...မေမေကရှင်းအတွက်မနက်စာပြင်ပေးနေခဲ့တာလား။ရှင်း မယုံကြည်နိုင်ဖြစ်ရသည်။
ရှင်း မေမေပြင်ပေးတဲ့ ပသျူးထမင်းကြော်ကိုစားနေရင်းက စိတ်မထိန်းနိုင်ပဲမျက်၀န်းမှမျက်ရည်တို့ စီးကျလာသည်။ရှင်းဘ၀မှာ မေမေပြင်ပေးတဲ့မနက်စာကိုစားရတာ ဒါပထမဆုံးပဲ...။
ဒီကောင်မလေးမျက်နှာပေါ်မှာ သူမလက်ရာကအထင်းသား။ရှင်းကအသားဖွေးတော့ ဖြူနုနေတဲ့မျက်နှာလေးကသူမရိုက်ချက်ကြောင့်နီရဲနေသည်။ညကသူမဒီကလေးအပေါ်လွန်သွားမှန်းသိတော့ ခုလိုလုပ်ပေးတာ။ဒီကောင်မလေးဒီလိုမျက်ရည်တွေကျနေတာမြင်တော့စိတ်မကောင်း။သူမရဲ့အစ်မပြောသလိုပဲ မတော်ချင်လဲ မတော်လို့မှမရ ခုတ်ဖြတ်တိုင်းလဲပြတ်သွားလို့ရတဲ့အမျိုးလဲမဟုတ် ဒါကသူမရဲ့သွေးသား။
ဒီကလေးအပေါ်ဘယ်လောက်ပဲမဆိုင်သလိုဥပေက္ခာပြုထားပေမယ့်လဲငယ်ကတည်းကကိုယ့်မျက်စိအောက်မှာကြီးလာသူမို့ ဒေါ်ကြည်ဖြူ လဲဒီကလေးအပေါ်သံယောဇဥ်တော့ရှိပါသည်။ဒါပေမယ့် အဲ့ဒီလူရဲ့သွေးသားပါလားဆိုတဲ့အသိစိတ်နဲ့သူမရဲ့မာနတွေကြောင့်သာ...။စားနေရင်းမျက်ရည်ပေါက်ပေါက်ကျနေတဲ့ရှင်းကိုဆက်မကြည့်နိုင်တော့၍ လှည့်ထွက်ခဲ့လိုက်သည်။
