စားသောက်ပြီး ရှင်းပန်းကန်ဆေးမယ်လုပ်တော့ မမကတားသည်။
"ထားလိုက်ရှင်း တို့ဆေးလိုက်မယ်"
"ရပါတယ် မမ"
"မဟုတ်တာ"
နှစ်ယောက်သား ဘေစင်မှာသူဆေးမယ် ကိုယ်ဆေးမယ်နဲ့ အငြင်းပွားနေရင်း လက်ချင်းထိမိချိန် အကြည့်ချင်းဆုံသွားတော့ ရှင်းနောက်ဆုတ်လိုက်သည်။
တစ်ကယ်ရူးတော့မှာမမရယ် ။ရှင်း အခုထိမမကိုမမေ့နိုင်သေးဘူး။ရှင်းလက်ဆေးပြီးတော့ ထွက်လာလိုက်သည်။
ထိုစဥ် ဆုလေးမှသူမနာမည်ကိုအားရပါးရခေါ်ရင်းဝင်လာသည်။
"ရှင်း မိရှင်းနင်ပြန်ရောက်နေတယ်ဆို"
"အမလေး အခုမှပဲတွေ့ရတော့တယ်ဟယ်"
"ဆုလေး"
ဆုလေးကအနည်းငယ်ပြည့်လာရုံမှအပသိပ်တော့ပြောင်းလဲမှုမရှိ။အရင်အတိုင်းပါပဲ။ဆုလေးနောက်မှာ အရပ်မြင့်မြင့်နဲ့အမျိုးသားတစ်ယောက် ကလေးချီပြီး ပါလာသည်။ဒါကဆုလေးရဲ့အမျိုးသားဖြစ်လိမ့်မယ်ထင်ပါတယ်။
"ရှင်း ဒါကငါ့အမျိုးသား ကိုမိုးထက် ဒါကငါ့သားလေးကောင်းကောင်း"
"ကိုမိုး ဒါဆုအချစ်ဆုံးသူငယ်ချင်းရှင်းသန့်ကြည်ဖြူ "
"တွေ့ရတာဝမ်းသာပါတယ်ဗျာ"
"ဟုတ်ကဲ့ ကိုမိုးထက် ရှင်းလဲ တွေ့ရတာဝမ်းသာပါတယ်"
"လာ လာ ထိုင်ကြဦး သူငယ်ချင်းတွေအေးဆေးစကားပြောကြ"
ဆုလေးအမေကဝင်ပြောသည်။
"ကလေးကချစ်ဖို့ကောင်းလိုက်တာ ဘယ်နှစ်နှစ်ရှိပြီလဲ"
"လာပါဦး တီတီဆီ"
ကလေးကရှင်းရဲ့လက်ထဲစွေ့ခနဲပါလာသည်။ဆုလေးတို့လင်မယားကဒါကိုအံ့သြနေကြသည်။
"ဟယ် ငါတို့သားလေးကရှင်းဆီတော့ကပ်တယ်ဟ နင်သိလားရှင်း
ငါတို့ကောင်းကောင်းကလေ သူမသိတဲ့သူဆိုဘယ်လိုမှခေါ်လို့မရဘူး
အတင်းခေါ်ရင်လဲ ငိုယိုပြီးဂျီကျတော့တာ ""ငါ့သားလေးကနင့်ကိုကပ်နေပြီ ကြည့်ရတာ နင်တော့စွံတော့မယ်ထင်တယ်"