part 11

5.4K 307 1
                                    

❤️ဟန်ဆောင်ကောင်းတဲ့မမ ( ၁၁ )❤️

ဘာလိုလိုနဲ့ ရှင်းနဲ့မတွေ့ဖြစ်တာတောင်လအတန်ကြာခဲ့ပြီ။ရှင်း သူ့အမေနဲ့အဆင်ပြေ‌နေတာကိုဒီဘက်အိမ်ကနေမြင်နေရတော့ အိမ့်လဲပျော်ပါသည်။တစ်လောလေးကတော့ဆုလေးကပြောတယ်။ ရှင်းကိုသူ့အမေကဒီဇိုင်းပညာသင်ယူဖို့နိုင်ငံခြားပို့ဖို့စီစဥ်နေတယ်ဆိုလားး။ရှင်းအဆင်ပြေရင်အိမ့်လဲကျေနပ်ပါတယ်။

"တီလေး မနက်ဖြန် ရှင်းထွက်သွားတော့မှာ တီလေးသွားတွေ့ဦးမလား"

"ဒီတစ်ခေါက်သွားတာ ဘယ်လောက်ကြာမယ်မပြောန်ိုင်ဘူး"

အိမ့်ခေါင်းခါလိုက်သည်။မတွေ့လက်စနဲ့ မတွေ့တော့တာပဲကောင်းပါတယ်။ဒါကရှင်းအတွက်အကောင်းဆုံးပဲဖြစ်မှာပါ။

ဆုမြတ်နိုး တီလေးကိုကြည့်ပြီးနားမလည်နိုင်ဖြစ်ရသည်။ချစ်နေရက်နဲ့ဘာလို့ ဒီလိုတွေလုပ်နေတာလဲ။အခုတော့ တီလေးရော ရှင်းရောနှစ်ယောက်လုံးခံစားကြရပြီ။

ရှင်းတစ်ယောက်လေဆိပ်မှာ မမများသူမကိုလာတွေ့လေမလားမျှော်နေမိပေမယ့် မမရောက်မလာခဲ့။ရှင်းငိုချင်မိသည်...နေနိုင်လိုက်တာမမရယ်။မမရှင်းကိုမတွေ့ချင်မမြင်ချင်လောက်အောင် မုန်းနေပြီလား။

အရင်ရက်တွေမှာ မမနဲ့တွေ့ဖို့ကြိုးစားပေမယ့်လည်း မမရှောင်နေတာကြောင့်တွေ့ခွင့်မရခဲ့...။

မျက်ရည်ကျလုနီးပါးဖြစ်နေတဲ့ရှင်းကိုဒေါ်ကြည်ဖြူပွေ့ဖက်လိုက်ပြီးတော့

"သမီး ရှင်း စိတ်ကိုခိုင်ခိုင်ထား မငိုရဘူး ဟိုရောက်ရင်သူစိမ်းတွေနဲ့နေရမှာ သမီးပျော့ညံ့လို့မရဘူး ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ မေမေ"

"ကြီးကြီး မေမေနှစ်ယောက်လုံးကျန်းမာရေးဂရုစိုက်ပါနော် ရှင်းသွားတော့မယ်"

မမရေနှုတ်ဆက်ခဲ့ပါတယ်....။

အိမ့် ထိုမြင်ကွင်းကိုအဝေးကကြည့်နေရင်း မျက်ရည်တွေကျနေမိသည်။နောက်ဆုံးတော့ ခွဲ့ရပြီပေါ့ရှင်းရယ် မမမင်းကိုသတိရရင်တောင်မြင်တွေ့လို့မရရတော့ဘူးပေါ့။

ဟန်ဆောင်ကောင်းတဲ့မမDove le storie prendono vita. Scoprilo ora