❤️ဟန်ဆောင်ကောင်းတဲ့မမ (၅)❤️
ရှင်းကထူးထူးဆန်းဆန်း အိမ့်နဲ့နှစ်ယောက်ထဲစကားပြောချင်လို့ဆိုပါလား။သူနဲ့ကိုယ့်ကြားမှာဒီလ်ို ပြောစရာဘာအကြောင်းများရှိလို့လဲ။ထူးဆန်းနေပေမယ့် ရှင်းချိန်းတဲ့နေရာလေးကိုထွက်လာခဲ့လိုက်သည်။တွေ့ပါပြီ ကန်ဘောင်နံဘေးရပ်နေတဲ့ရှင်း။
"မမ"
"ရှင်း ဘာကိစ္စမို့လို့အပြင်မှာတွေ့ဖို့ပြောရတာလဲ အိမ်မှာတွေ့လဲရတာကို"
မေးပေမယ့် ရှင်းကဘာမှလဲပြန်မဖြေ ။အတန်ကြာ စဥ်းစားနေပြီးတော့မှ
"မမ အချစ်ကိုဘယ်လိုမြင်လဲ"
"ဘယ်လို"
"ဟိုလေ ..မိန်းကလေးချင်းချစ်ကြိုက်တာမျိုးကိုမမဘယ်လိုမြင်လဲ"
ဒီကောင်မလေးဘာတွေလာမေးနေတာလဲ...။
"ရှင်းကဘာလို့မေးတာလဲ "
"ရှင်းမေးတာအရင်ဖြေဦးလေမမ"
"ဒါက..မမအနေနဲ့တော့ အချစ်ကိုအချစ်လို့ပဲမြင်တယ် "
"တစ်ချို့လူတွေကတော့ဒါကို အထင်သေးစရာ အပြစ်တစ်ခုလိုမြင်နိုင်ပေမယ့်မမတော့အဲ့လိုအတွေးမျိုးမရှိဘူး လူတိုင်းမှာသူ့လွပ်လပ်ပိုင်ခွင့် သူ့အခွင့်အရေးနဲ့သူရှိတယ်လေ သူချစ်ချင်တဲ့သူကိုချစ်မှာပေါ့ မဟုတ်ဘူးလား"
မမရဲ့စကားကိုကြားတော့ ရှင်းအားတက်သွားသည်။ရှင်း ဖွင့်ပြောရင်မမစိတ်တော့မဆိုးလောက်ဘူးထင်ပါတယ်။ရှင်းစိတ်လှုပ်ရှားစွာနဲ့ရင်ဖွင့်ဖို့ဆုံးလိုက်သည်။
"မမကိုရှင်း...ချစ်မိနေပြီ"
ရှင်းဆီမှမထင်မှတ်ထားတဲ့စကားကြောင့် အိမ့်အံ့သြသွားမိသည်။ဒီကောင်မလေးကကိုယ့်ကိုချစ်နေတယ်ဆိုပါလား။အိမ့်ဘ၀မှာမိန်းကလေးတစ်ယောက်ဆီက ချစ်ရေးဆိုခံရတာဒါပထမဆုံးဆိုတော့ အနည်းငယ်အံ့သြသွားမိပေမယ့် ရှင်းအပေါ်စိတ်တော့မဆိုးမိ။
"ရှင်း..."
"မမ ရှင်းကိုစိတ်ဆိုးသွားလား"
"ဟင့်အင်း"
"ဒါဆိုရှင်းအချစ်ကိုလက်ခံပေးနိုင်မလား"