၃နှစ်ကြာပြီးနောက်
အမိမြေကိုပြန်ရောက်လာတဲ့ခံစားချက် ရင်ထဲတစ်ကယ်ကိုနွေးခနဲဖြစ်သွားသည်။သူမဒီမြေကနေစွန့်ခွာခဲ့တာ၃နှစ်ကျော်တောင်ရှိခဲ့ပြီလေ။
"ရှင်း"
"မေမေ"
သူမကိုလာကြိုတဲ့မေမေ့ကိိုရှင်းပြေးဖက်လိုက်သည်။ရှင်းအရမ်းလွမ်းနေခဲ့တာ။
"ရှင်း ဒီလောက်အကြာကြီးဘာလို့နေနိုင်ရတာလဲ သမီးတို့ကြီးကြီးမှာသမီးကိုလွမ်းလွန်းလို့ရင်ကွဲနာကျပြီးဖျားနေပြီ"
ဒီကောင်မလေးတစ်ကယ်ကိုနေနိုင်လွန်းတယ်။အခုလဲ သူ့ကြီးကြီးနေမကောင်းဖြစ်နေတာအကြောင်းပြပြီးခေါ်မှပဲ ပြန်လာတော့သည်။မဟုတ်ရင်ဘယ်လောက်ကြာအောင်နေနေဦးမည်မသိ။
"မေမေကရောရှင်းကိုမလွမ်းဘူးလား"
"မေမေ့မှာဒီသမီးလေးတစ်ယောက်ထဲရှိတာလွမ်းတာပေါ့"
ရှင်းမေမေ့လက်ကိုတွဲပြီးလေဆိပ်မှထွက်ခဲ့လိုက်သည်။
ရှင်းအိမ်ပြန်ရောက်တော့ ကြီးကြီးရှိရာအခန်းသို့အပြေးသွားမိသည်။
"ကြီးကြီး "
အိပ်ယာပေါ်မှာလဲနေတဲ့ကြီးကြီး ရှင်းကိုမြင်တော့ဝမ်းသာအားရထတော့သည်။
"ရှင်း သမီးနောက်ဆုံးတော့ ပြန်လာပြီပေါ့ နေနိုင်လိုက်တာနော် ကြီးကြီးမှာတော့လွမ်းလိုက်ရတာ"
"လာပါဦး သမီးကိုသေချာကြည့်ပါရစေဦး"
ရှင်း ခုတင်ပေါ်တင်ပုလွှဲထိုင်ကာ ကြီးကြီးရင်ခွင်ထဲတိုးဝင်ကာဖက်လိုက်သည်။
"ရှင်းလဲအရမ်းလွမ်းနေတာကြီးကြီးရဲ့ "
သူမရင်ခွင်ထဲကလေးတစ်ယောက်လိုလာချွဲနေတဲ့ရှင်းကြောင့်ဒေါ်မြနွယ်ပြုံးလိုက်သည်။ဒီကလေး အရင်အတိုင်းပါပဲလား။
"ကြီးကြီး ဘယ်လိုနေသေးလဲ သက်သာရဲ့လား ရှင်းအရမ်းစိတ်ပူနေတာ"
"အမလေး ဘာမှမဖြစ်တော့ဘူး ကြီးကြီးရဲ့ရောဂါကဒီကရှင်းလေးကြောင့်ယူပစ်သလိုပျောက်သွားပြီ"