part 8

5.4K 311 3
                                    

❤️ဟန်ဆောင်ကောင်းတဲ့မမ  ( ၈ )❤️

ဆုလေးကရုတ်တရတ်ကြီး ရုပ်ရှင်သွားကြည့်မယ်ဆိုပါလား။နှစ်ယောက်သား အပြင်အတူမသွားဖြစ်တာလဲကြာပြီဆိုတော့ရှင်းလက်ခံလိုက်သည်။ ဟိန်းဟိန်းတို့ကောင်တွေကိုပါခေါ်လိုက်မယ်ဆိုတော့ ဆုလေးကမခေါ်နဲ့ဆိုပါလား။အစကတော့ရှင်းနားမလည် ဟိုရောက်မှပဲရှင်းသဘောပေါက်တော့သည်။

"မမ"

"ရှင်း"

"ဆုလေးကရှင်းကိုပါခေါ်ထားတာလား"

"ဟုတ်တယ် ဟီး...တီလေး ...ရှင်းနဲ့နေထားခဲ့နော်ဆုကဆုကောင်လေးနဲ့ချိန်းထားတာရှိလို့ သွားတော့မယ်"

"ရှင်း ငါ့တီလေးက်ိုစိတ်ချမယ်နော် "

ဆုလေးကရှင်းကိုမျက်လုံးမှိတ်ပြပြီးထွက်သွားသည်။ကြည့်စမ်း ဒီကောင်မလေးလုပ်ပေါက်က ။ရှင်းကိုကြည့်လိုက်တော့ ရယ်ကျဲကျဲနဲ့။

"ဘာလဲ နှစ်ယောက်သားတိုင်ပင်ထားကြတာလား"

"မဟုတ်ပါဘူးမမ ရှင်းလဲဒီရောက်မှသိတာ"

"ဒါနဲ့မမ ဆုကသိနေတာလား ရှင်းမမကိုချစ်နေတယ်ဆိုတာ"

"အင်း"

ရုပ်ရှင်လက်မှတ်ဖြတ်ပြီးတော့ မုန့်တွေ၀ယ်ပြီး ရုံထဲ၀င်ခဲ့လိုက်ကြသည်။

ဒီကောင်မလေးရုပ်ရှင်မကြည့်ပဲ ကိုယ့်ပဲတစ်ချိန်လုံးကြည့်နေပါလား။

"ရှင်း မမကိုပဲကြည့်မနေနဲ့လေ"

"ဟင့်အင်း မမကပိုပြီးကြည့်ကောင်းနေလို့"

ပြောပြီးတော့ မမရဲ့ပုခုံးလေးမှာမှီလိုက်သည်။

"ရှင်း ဘာလုပ်တာလဲ"

"ခဏလေးပါမမ ရှင်းဒီတိုင်းခဏလေးနေချင်လို့ "

အိမ့်မှာရုပ်ရှင်သာကြည့်နေရတယ် စိတ်ကမပါ။အိမ့်ရဲရင်ခုန်သံတွေ ရှင်းကြားသွားမှာက်ိုစိုးနေမိသည်။ရှင်းနဲ့တော့ခက်ပြီ...။

ရုပ်ရှင်ကြည့်လို့ပြီးသွားတော့ ဆုလေးကိုဖုန်းလှမ်းဆက်လိုက်သည်။ဆုလေး ကအိမ်တောင်ပြန်ရောက်နေပြီဆိုလား။

ဟန်ဆောင်ကောင်းတဲ့မမWhere stories live. Discover now