Unicode
🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
အခန်း(၁)
"ရှောင်းကျန့် ဒီကိုခဏလာဦး"
မန်နေဂျာမမခေါ်သံကြောင့် မိတ္တူကူးနေသည့် ရှောင်းကျန့်တစ်ယောက် ပြေးရပြန်သည်။
"ရှောင်းကျန့်...ဒီစာရင်းလေးတွေပြန်စီပေးဦး"
စီနီယာအစ်ကိုတစ်ယောက်က ခေါ်ပြန်တော့ မန်နေဂျာမမခိုင်းသော အလုပ်တွေလုပ်ရင်း စာရင်းတစ်ထပ်ကြီး ပြေးယူရသေးသည်။
"ရှောင်းကျန့်...ကော်ဖီဝယ်ခဲ့ဦး ကုန်နေပြီ"
"ရှောင်းကျန့်...မနေ့ကခိုင်းထားတဲ့အလုပ်ကပြီးပြီလား"
ရှောင်းကျန့်....ရှောင်းကျန့်...ရှောင်းကျန့်....
ထိုအသံများနှင့်အတူ ရှောင်းကျန့်တစ်ယောက် နေ့စဉ်ဘဝကို ဖြတ်သန်းနေရပါသည်။ ကျောင်းပြီးကတည်းက အလုပ်မရဘဲ မိဘအိမ်ကပ်နေရာမှ ပြီးခဲ့တဲ့နှစ်လကျော်လောက်က ဒီကုမ္ပဏီမှာ ရှားရှားပါးပါး အလုပ်လေးတစ်ခု ရခဲ့တာမို့ ကြိုးစားလုပ်ကိုင်နေရသည်။ ရှောင်းကျန့်၏ရာထူးက ဘာဆိုတာပြော၍မရ၊ ဈေးဝယ်ရ၊ စာရင်းစီရ၊ မိတ္တူကူးရ၊ စာရိုက်ပေးရ စသည့် လိုအပ်သည့်နေရာတိုင်း လုပ်ပေးရတာမို့ အကြမ်းဖျင်းပြောရရင် တောက်တိုမယ်ရပေါ့။ သို့ပေမယ့် လကုန်တော့ရလာသည့် လစာလေးကြောင့် အားတင်းကာ အလုပ်လုပ်နေရခြင်းဖြစ်သည်။ အိမ်ကလည်း စီးပွားရေးအဆင်မပြေတာမို့ ရှောင်းကျန့်ကိုမကျွေးထားနိုင်တော့ အလုပ်နှင့်နီးသော နေရာတစ်ခုမှာ အခန်းသေးသေးလေးတစ်ခန်း ငှားနေရင်း တစ်ကိုယ်ရေစာ ဖြေရှင်းနေရသည်။ လစာရလာတော့လည်း ရှောင်းကျန့်အပြည့်အဝသုံးခွင့်မရ၊ အိမ်ကအသုံးလိုသည်မို့ တစ်ချို့ကို ခွဲပေးရသေးသည်။ အခန်းငှားခက သုံးလစာချုပ်ပေမယ့် ပိုင်ရှင်ကို တောင်းပန်ထားပြီး တစ်လစာသာသွင်းနိုင်သေးသည်။ နောက်လမှာ ကျန်တဲ့နှစ်လစာသွင်းမည်ဟု ကတိပေးထားသည်။
"ရှောင်းကျန့် ဘာတွေတွေးနေတာလဲ ငါခေါ်တာကြာနေပြီ၊ MDခေါ်နေတယ်၊ မြန်မြန်သွားလိုက်ဦး"
လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပုခုံးကိုလှုပ်ကာခေါ်လိုက်မှ အတွေးလွန်နေသော ရှောင်းကျန့် လန့်သွားမိပြီး သတိပြန်ဝင်လာသည်။ MDကိုယ်တိုင်ခေါ်သည်ဟုဆို၍ ရှောင်းကျန့်အံ့ဩသွားမိသည်။ ပုံမှန်ဆို MDက ခေါ်လေ့မရှိဘူးလေ။
YOU ARE READING
🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Fanfictionရှောင်းကျန့်ဟာအလုပ်ကြိုးစားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါသည်။ တစ်နေ့မှာ ရှောင်းကျန့်တစ်ယောက် အလုပ်ကြိုးစားနေပါလျက် အကြောင်းတစ်ခုကြောင့် အလုပ်ပြုတ်သွားခဲ့ရသည်။ ထိုနေ့မှာပဲ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး ဝမ်ရိပေါ်နှင့်တွေ့ဆုံခဲ့ရသည်။ အဲ့ဒီန...