Ep-16(The End) Unicode

1K 91 0
                                    

🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Ep-16(The End)

စေ့စပ်ပွဲပြီးကတည်းက ဝမ်ရိပေါ် စာဖတ်ခန်းထဲပဲနေ့စဉ်နေရင်း အချိန်တွေကုန်ဆုံးလာသည်။ ဘာလိုလိုနှင့် နောက်နှစ်ရက်ဆို သူလက်ထပ်ရတော့မည်ဖြစ်သည်။ ရှောင်းကျန့် တိမ်လွှာနန်းမြိုင်ကိုရောက်လာစဉ်က သူစာဖတ်ခန်းထဲဝင်နေချိန်တွေဆို ဝင်လာပြီး စာအုပ်တွေလျှောက်ကိုင်ပြီး စပ်စုတတ်တာလေးတွေ သတိရနေမိသည်။ စုတ်တံကိုင်၍ စာတွေလျှောက်ရေးတတ်သည်။ တစ်ခါစာရေးရင်း သူ့နှာခေါင်းကိုပွတ်မိလို့ မင်တွေနှာခေါင်းမှာပွသွားတာကို ရိပေါ်ရယ်ခဲ့ရသေးသည်။ စာဖတ်ခန်းထဲ လှည့်ပတ်ကြည့်ရင်း ရှောင်းကျန့်ကို သတိရစိတ်တို့လွှမ်းမိုးလာတာမို့ ဓားပျံစီးကာ လိပ်ပြာတောင်သို့ ထွက်လာခဲ့လိုက်သည်။ သူ လက်ထပ်ပြီးရင် လိပ်ပြာတောင်ကို နောက်တစ်ကြိမ်သွားနိုင်ဖို့က မသေချာနိုင်တော့ဘူးလေ။

                               🦋
     
                        အခန်း(၁၆)

လိပ်ပြာတောင်ကတော့ သစ်ပင်ကြီးများနှင့်အမြဲလှပနေလျက်ရှိပါသည်။ သဘာဝအလျောက်ပွင့်နေသော ပန်းပွင့်ရောင်စုံတို့နှင့် ကြည်လင်လှသော စမ်းချောင်းလေးက ရေစီးသံလေးတို့က သာယာငြိမ့်ညောင်းလှသည်။ ရိပေါ် တောင်ထိပ်မှာရပ်လိုက်ရင်း လတ်ဆတ်သောလေကို တစ်ဝကြီး ရှူသွင်းလိုက်ပြီး ပန်းရနံ့လေးတွေ၊ ငှက်ကျေးသံလေးတွေ၊ စမ်းရေစီးသံလေးများကို မျက်စိမှိတ်၍ နားဆင်နေမိသည်။

     “ကိုယ့်ကိုယ်ကိုသေကြောင်းကြံမလို့တော့ မဟုတ်ပါဘူးနော် ဝမ်သခင်လေး”

နောက်မှကြားလိုက်ရသော အသံ …. သေချာပါတယ်။ ဒီအသံဟာ သူ့နှလုံးသား…။ ရိပေါ် ချက်ချင်းနောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ကိုပြုံးကြည့်နေသည့် ရှောင်းကျန့်ကို မြင်လိုက်ရသည်။ စိတ်ထင်ရာ လျှောက်မြင်နေသည်ထင်၍ ရှောင်းကျန့်အနီးပြေးသွားရင်း ရှောင်းကျန့်ပါးလေးတွေ၊ ပုခုံးလေးတွေကိုင်ကြည့်နေမိသည်။ ရှောင်းကျန့်က ရိပေါ်၏လက်ကလေးကိုအသာကိုင်လိုက်ပြီး သူ့ပါးလေးနားမှာထားလိုက်ရင်း

     “ရိပေါ်ရဲ့ကျန့်ကိုကိုအစစ်ပါ” ဟုပြောလိုက်မှ ရိပေါ်မျက်ရည်များကျလာကာ ရှောင်းကျန့်ကို တင်းကြပ်စွာ ဖက်ထားလိုက်မိသည်။

🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋Where stories live. Discover now