🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Ep-8
"ခင် ခင်ဗျား...ဘယ်လိုသိတာလဲ"
“ယွင်မုန့်ကျန်းဂိုဏ်းမှာ မင်းကိုနောက်က တစ်ယောက်ဝင်တိုက်မိတာမှတ်မိလား”ရှောင်းကျန့်ပြန်စဉ်းစားကြည့်မိသည်။ သူ ပန်းတွေငေးနေစဉ် တစ်စုံတစ်ယောက်သူ့ကို နောက်ကနေဝင်တိုက်ပြီး တောင်းပန်စကားပင်မပြောဘဲ ထွက်သွားသည့်အကြောင်းသတိရလိုက်သည်။
“အဲ့ဒါဘာဖြစ်လဲ”“မင်းကို ဒီမှာ တစ်ခါမှမမြင်ဖူးဘူး၊ မင်းပုံစံက သူများတွေနဲ့မတူဘဲ ပုံစံတစ်မျိုးဖြစ်နေတာမို့ ငါ့ရဲ့ လိပ်ပြာကျောက်နဲ့စမ်းကြည့်ခဲ့တာပဲ”
“လိပ်ပြာကျောက်ကဘာလဲ”
“ဒီတောင်က ကျောက်သားဖြစ်သွားတဲ့လိပ်ပြာတစ်ကောင်ပဲ သူက သူ့အမှတ်အသားပါတဲ့သူရှေ့ရောက်တာနဲ့ အလင်းဖြာထွက်လာတယ်”“ကျုပ်မဟုတ်ဘဲ တစ်ခြားသူမှာလည်းပါနိုင်တာပဲ မမြင်ဖူးတဲ့သူတွေ့တိုင်း ခင်ဗျားလိုက်စမ်းပါလား”
ရှောင်းကျန့်ခပ်ရွဲ့ရွဲ့ပြောလိုက်တော့ ထိုလူကြီး ရှောင်းကျန့်နားသို့ရောက်လာသည်။
“ဘယ်သူ့မှာမှ အဲ့ဒီအမှတ်အသားမပါဘူး၊ မင်းတစ်ယောက်ထဲပဲပါတာ ပြောရရင် တစ်လောကလုံးမှာ လိပ်ပြာပုံအမှတ်အသားပါတာ တစ်ယောက်ပဲရှိတယ်၊ ငါ့ရဲ့ဘိုးဘေးအဆက်ဆက်ရှာလာခဲ့တာ ငါ့လက်ထက်မှာ တွေ့ရပြီ”
တစ်ချိန်လုံး သူတို့နှစ်ယောက်ပြောသမျှကို ငြိမ်ပြီးနားထောင်နေတဲ့ဝမ်ရိပေါ်က
“လိပ်ပြာပုံအမှတ်အသားနဲ့လူကို ဘာလို့လိုက်ရှာတာလဲ”
“သုတ်သင်ဖို့လေ”ထိုလူကြီးစကားကြားတော့ ရှောင်းကျန့်အလွန်ထိတ်လန့်သွားပြီး လက်ဖျား ခြေဖျားတွေ အေးစက်လာသည်။
“ဘာအကြောင်းနဲ့သုတ်သင်မှာလဲ”
ဝမ်ရိပေါ်က တည်ငြိမ်စွာပင်ဆက်မေးလိုက်သည်။
“ဝမ်သခင်လေး မင်း လိပ်ပြာတောင်ဒဏ္ဍာရီကို ကြားဖူးတယ်မလား”
“အဲ့ဒါနဲ့ဘာဆိုင်လဲ”
“လိပ်ပြာတွေခေါ်သွားတဲ့ ကောင်မလေးအကြောင်းရောသိမှာပေါ့”
YOU ARE READING
🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Fanfictionရှောင်းကျန့်ဟာအလုပ်ကြိုးစားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါသည်။ တစ်နေ့မှာ ရှောင်းကျန့်တစ်ယောက် အလုပ်ကြိုးစားနေပါလျက် အကြောင်းတစ်ခုကြောင့် အလုပ်ပြုတ်သွားခဲ့ရသည်။ ထိုနေ့မှာပဲ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး ဝမ်ရိပေါ်နှင့်တွေ့ဆုံခဲ့ရသည်။ အဲ့ဒီန...