Ep-11(Unicode)

693 74 2
                                    

🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Ep-11

                      အခန်း(၁၀)

ရှောင်းကျန့် အလုပ်ပြန်ဝင်လာ၍ အားလုံးက ပျော်ရွှင်စွာကြိုဆိုကြသည်။ MDကိုယ်တိုင်ကပင် ရှောင်းကျန့်ကို တောင်းပန်ရင်း အပြင်ထွက်လာပြီး ကြိုဆိုတာမို့ ရှောင်းကျန့် ဝမ်းသာလွန်း၍ မျက်ရည်ပင်လည်မိသည်။ အားလုံးက သူ့ကိုခိုင်းစရာဟုသဘောထားသည်ဟုထင်ခဲ့ရာ ယခုလိုကြိုဆိုနေကြတော့မှ အားလုံးက သူ့ကိုချစ်မှန်း ရှောင်းကျန့်သိလိုက်ရသည်။ အလုပ်ပြန်လုပ်သည့် ပထမရက်မို့ထင်သည်၊ အလုပ်အများကြီးမခိုင်းတာမို့ ရှောင်းကျန့် အိမ်စောစောပြန်၍ရသည်။ အခန်းသို့ပြန်လာရင်း လမ်းမှာ ကြက်ကြော်နှင့်ဘီယာဝင်ဝယ်လိုက်သည်။ ရိပေါ်တော့ တစ်ယောက်တည်း ပျင်းနေတော့မှာဟုတွေးရင်း ရှောင်းကျန့် ပြုံးလိုက်မိသည်။ ရှောင်းကျန့်စိတ်ထဲ လိပ်ပြာဂူကထွက်သည့်ရောင်စဉ်တန်းကြောင့် ရိပေါ်ပုံစံ ပြောင်းလဲနေသည်ဟု ထင်မိသည်။ တစ်မနက်လုံး ကျန့်ကိုကို ကျန့်ကိုကို နှင့်လိုက်ခေါ်နေသည့် ရိပေါ်ပုံစံလေးကို မြင်ယောင်လာရင်း ‘တကယ်ချစ်ဖို့ကောင်းတယ်’ ဟုတွေးမိပြီး ကိုယ့်ကိုယ်ကို အံ့ဩသွားမိသည်။

တိမ်လွှာနန်းမြိုင်မှာ ရိပေါ်နှင့် စတွေ့ကတည်းက အရမ်းခင်မင်သွားပြီး အနှစ်နှစ်အလလက ပေါင်းသင်းဆက်ဆံခဲ့သူလို ခံစားချက်မျိုးဖြစ်ပေါ်လာခဲ့သည်။ ရိပေါ်နှင့် အတူရှိနေရင် ပျော်ရွှင်နေမိပြီး ရိပေါ်အလုပ်များနေ၍ မတွေ့ရသောအခါ ရှောင်ကျန့်စိတ်ထဲ ဟာတာတာခံစားချက်မျိုးဖြစ်နေခဲ့ရသည်။ အခုလည်း ရိပေါ်ကိုသူပစ်ထားမိသလိုဖြစ်နေ၍ သူ့လိုခံစားရမှာကို တွေးမိတာမို့ ရှောင်းကျန့် အိမ်သို့အမြန်ပြန်လာခဲ့သည်။

အခန်းပြန်ရောက်တော့ မထင်မှတ်ထားတဲ့မြင်ကွင်းများက ရှောင်းကျန့်ကို စောင့်ကြိုနေတော့သည်။ ပြန့်ကျဲနေသော အဝတ်အစားများ၊ ကွဲကြေနေသော TV တို့နှင့် အခန်းမှာ ဖရိုဖရဲ ဖြစ်နေသည်။ ရိပေါ်ကို မတွေ့တာမို့ ရှောင်းကျန့်စိတ်ပူသွားမိသည်။

      “ရိပေါ်  ရိပေါ် ဘယ်ရောက်နေလဲ”

ရှောင်းကျန့်အသံကြားတော့ ရိပေါ်တစ်ယောက် ရေချိုးခန်းထဲမှထွက်လာသည်။ ညဝတ်ဘောင်းဘီအပွကြီးနှင့် တီရှပ်လက်ရှည်တစ်ထည်ကို အချိုးမကျစွာ ဝတ်ထားသည့် ရိပေါ်ကို ရှောင်းကျန့် စိုးရိမ်တကြီး ပြေးဖက်လိုက်မိသည်။

🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋حيث تعيش القصص. اكتشف الآن