🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Ep-9အခန်း(၈)
ဘယ်လောက်ကြာကြာ သတိမေ့နေခဲ့သည် မသိ။ ဝမ်ရိပေါ်အရင်ဆုံးသတိပြန်ရလာသည်။ သူသတိရလာချိန်မှာ ပတ်ဝန်းကျင်အသစ်တစ်ခုကိုရောက်နေမှန်း သတိထားလိုက်မိသည်။ သူ့တစ်ကိုယ်လုံးရေတွေရွှဲစိုနေသည်။ ဘေးနားကြည့်လိုက်တော့ ရှောင်းကျန့်မှာ သတိမရသေးသည်ကိုတွေ့ရသည်။
“သတိထားဦး ရှောင်းကျန့် ရှောင်းကျန့်”
ဝမ်ရိပေါ် စိုးရိမ်တကြီး လှုပ်နှိုးမှ ရှောင်းကျန့် သတိပြန်ရလာသည်။
“ဝမ်သခင်လေး မိစ္ဆာတွေရော သွားပြီလား၊ ဒါမှမဟုတ် ငါတို့သေသွားပြီလား”
“မဟုတ်တာတွေပြောမနေဘဲ ထဦး ဒီနေရာကိုသေချာကြည့် ဘယ်ရောက်နေမှန်း ငါမသိဘူး”ဝမ်ရိပေါ် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရင်း အံ့ဩနေမိသည်။ သူနောက်ဆုံးမှတ်မိတာ ရောင်စဉ်တန်းထဲကို ရှောင်းကျန့်နှင့်အတူ ပြေးဝင်ခဲ့ခြင်းပင်။ ထို့နောက် ဘာဖြစ်မှန်း မမှတ်မိတော့ပါ။
“ဝမ်သခင်လေး ကြည့်ရတာ ငါတို့ ၂၀၂၁ပြန်ရောက်လာတယ်ထင်တာပဲ၊ မြစ်ကမ်းဘေးမှာ ပြန်ရောက်လာတာဆိုတော့လေ၊ ငါမင်းတို့ဆီရောက်လာတာကလည်း ဒီနေရာကနေ ရေထဲပြုတ်ကျခဲ့တာ”မမြင်ဖူးသောမြင်ကွင်းများကိုမြင်တွေ့နေရတာမို့ ဝမ်ရိပေါ်တစ်ယောက် အထူးအဆန်းသဖွယ် ငေးကြည့်နေမိသည်။ သူတို့ရောက်လာချိန်က ညဘက်မို့ မြစ်ကမ်းစပ်မှာ လူတစ်ယောက်မှ ရှိမနေပါ။
“သေချာအောင် ငါတို့လျှောက်သွားကြည့်ကြမယ် လာ ဝမ်သခင်လေး ငါ့နောက်ကလိုက်ခဲ့”
အရင်ကတော့ ဝမ်ရိပေါ်ဦးဆောင်ရာနောက်ကို ရှောင်းကျန့်လိုက်ခဲ့ရသည်။ ယခုတော့ ရှောင်းကျန့်နောက်မှ ဝမ်ရိပေါ် ယောင်ချာချာဖြင့်လိုက်သွားမိသည်။ မြစ်ကမ်းစပ်ကနေသွားလာရင်း လှေကားထစ်လေးတွေရှိရာကို ရှောင်းကျန့်သွားတော့ ဝမ်ရိပေါ်လည်း ငေးမောရင်း လိုက်လာသည်။ ရှောင်းကျန့်က ‘ဒါလေးရှိနေသေးတာပဲ’ ဟုပြောရင်း ပုံးတစ်ခုကိုယူလာခဲ့သည်။ မြစ်ကမ်းစပ်မှာသာ လူတစ်ယောက်မှရှိမနေပေမယ့် မြို့ထဲရောက်တော့ သွားလာလှုပ်ရှားသူများကို တွေ့ရသည်။ ရှောင်းကျန့် ရေစည်ပိုင်းထဲကထွက်လာသည့် အဝတ်အစားများကဲ့သို့ ထူးဆန်းသောအဝတ်အစားများဝတ်ထားသူများကို ဝမ်ရိပေါ်လိုက်ကြည့်နေမိသည်။ ဒီကမိန်းကလေးများ၏ ဝတ်စားပုံမှာ ပို၍ထူးဆန်းသည်ဟုထင်မိသည်။ တစ်ချို့ဆို အဝတ်အစားပါရဲ့လားပင် တွေးမိရသည်။
YOU ARE READING
🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Fanfictionရှောင်းကျန့်ဟာအလုပ်ကြိုးစားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါသည်။ တစ်နေ့မှာ ရှောင်းကျန့်တစ်ယောက် အလုပ်ကြိုးစားနေပါလျက် အကြောင်းတစ်ခုကြောင့် အလုပ်ပြုတ်သွားခဲ့ရသည်။ ထိုနေ့မှာပဲ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး ဝမ်ရိပေါ်နှင့်တွေ့ဆုံခဲ့ရသည်။ အဲ့ဒီန...