Ep-5(Unicode)

763 90 0
                                    

🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Ep-5

                     အခန်း(၄)

ရှောင်းကျန့်တစ်ယောက် တိမ်လွှာနန်းမြိုင်မှာ စားလိုက်၊ အိပ်လိုက်၊ ဝမ်ရိပေါ်အလုပ်လုပ်ရင် စပ်စုလိုက်နှင့် သိုင်းပညာဖလှယ်ပွဲနေ့ကို ရောက်ရှိလာခဲ့သည်။ သူဒီကိုဘယ်လိုရောက်လာလဲဆိုတဲ့ကိစ္စကလည်း လက်လှမ်းမီသလောက် စုံစမ်းပေမယ့် အကြောင်းမထူးသေးတာမို့ ရှောင်းကျန့်လည်း ဖြစ်သမျှအကြောင်း အကောင်းဟုပဲ ထင်မှတ်ပြီး ပျော်သလိုနေနေလိုက်သည်။ တစ်ခုတော့ကောင်းပါသည်၊ အိမ်လခပေးရမည့်အခြေအနေမှ လွတ်မြောက်လာခြင်းပင်။ စီးပွားရေးကြပ်တည်းနေသည့် မိဘတွေအတွက် တွေးမိရင်တော့ စိတ်မကောင်းလှ။ အားကိုးအားထားပြုစရာ ရှောင်းကျန့်တစ်ယောက်ပဲ ရှိပေမယ့် ရှောင်းကျန့်ကလည်း အားမကိုးရ။ စိတ်ညစ်စရာ အတွေးများဝင်လာတာမို့ ရှောင်းကျန့် သက်ပြင်းမောချလိုက်ရင်း ယွင်မုန့်ကျန်းဂိုဏ်းသွားရန် ပြင်ဆင်နေလိုက်သည်။  

     “ဝမ်သခင်လေး မင်းမှာအဖြူရောင်ဝတ်စုံတွေပဲ ရှိတာလား၊ အခြားအရောင်မရှိဘူးလား”

ဝတ်စုံများကို ကိုင်ကြည့်ပြီး ချေးများနေသော ရှောင်းကျန့်ကို ဝမ်ရိပေါ် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး

     “တိမ်လွှာနန်းမြိုင်မှာ အားလုံး အဖြူရောင်ကိုပဲဝတ်ကြတယ်၊ မင်းမကြိုက်ရင် မင်းအဝတ်တွေဝတ်သွားလေ”

အခန့်ထောင့်လေးမှာ ခေါက်ထားတဲ့ ရှောင်းကျန့်၏ ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝမ်ရိပေါ် မေးငေါ့ပြသည်။

      “မင်း ငါ့ကို သေကြောင်းကြံနေတာပဲ ဝမ်သခင်လေး အဲ့ဒီဟာဝတ်သွားရင် ငါ့ကို ဝိုင်းသတ်ကြမှာလေ”

      “သိရင်ပြီးတာပဲ ဝတ်စုံအမြန်ဝတ်တော့ အချိန်နီးနေပြီ”

      “လမ်းလျှောက်သွားရမှာလား”

     “ဓားပျံစီးမှာ”

      “ဘာကြီး စီးမှာ”

ဝတ်စုံဝတ်ရင်း စကားများနေသည့် ရှောင်းကျန့်ကို ဝမ်ရိပေါ် စိတ်ပျက်လက်ပျက်ကြည့်လိုက်ပြီး

🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋Onde histórias criam vida. Descubra agora