🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Ep-10အားလုံးပြီးစီးသွားတော့ မနက်လင်းခါနီးနေပြီမို့ အခန်းသို့ အမြန်ပြန်လာခဲ့ရသည်။ မနက် ရှောင်းကျန့် အလုပ်သွားရဦးမှာလေ။ အခန်းရောက်တော့ ပြဿနာက သော့မပါလာခြင်းဖြစ်သည်။ အခန်းသော့ကို ဘောင်းဘီအိတ်ထဲထည့်ခဲ့တာမို့ ဟိုမှာကျန်ရစ်မှန်း ရှောင်းကျန့်သတိရလိုက်သည်။ ထို့ကြောင့် သော့ဖျက်ရန် တစ်စုံတစ်ရာရှာနေစဉ် ဝုန်းကနဲအသံကြား၍လှည့်ကြည့်လိုက်မိရာ ဝမ်ရိပေါ် အတွင်းအားသုံး၍ တံခါးကိုဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
“ဟာ ရိပေါ် မင်း ဘယ်လိုလုပ်လိုက်တာလဲ”
“မင်း ဖွင့်မရလို့မလား ခုရပြီလေ ဝင်တော့”ဆူညံသံကြောင့် ဘေးချင်းကပ်လျက်အခန်းမှ အိမ်ရှင် အိပ်မှုန်စုံမွှားနှင့်ထွက်လာတော့သည်။
“ဟဲ့ ဘာသံတွေလဲ၊ အမလေး တံခါးတော့ပျက်ပါပြီ လခလည်းမပေးသေးဘဲ ခုတံခါးကိုဖျက်ဆီးနေပြန်ပြီလား”
“မဟုတ်ပါဘူး အဒေါ် ၊ တံခါးကို ကျွန်တော်မနက်ကျ ပြန်ပြင်ပေးပါ့မယ်၊ အိမ်လခ နှစ်လစာလည်း အခုပေးပါ့မယ်နော်”အိမ်ငှားခ အမြန်ထုတ်ပေးပြီး တံခါးပြန်ပြင်ပေးဖို့ ကတိခံလိုက်မှ အိမ်ရှင်အဒေါ်ကြီးလည်း ဝမ်ရိပေါ်ဘက် တစ်ချက်လှည့်ကြည့်ရင်း ပွစိပွစိပြောရင်း ပြန်ဝင်သွားသည်။
“ရိပေါ် နောက်တစ်ခါ အတွင်းအားတွေမသုံးပါနဲ့နော် ငါတောင်းပန်ပါတယ်”မျက်နှာငယ်လေးနှင့်ပြောနေသည့်ရှောင်းကျန့်ကိုကြည့်ပြီး ဘာမှမပြောဘဲ အခန်းထဲဝင်သွားသည့် ဝမ်ရိပေါ်နောက်ကို ရှောင်းကျန့်ပြေးလိုက်သွားရတော့သည်။ အခန်းထဲရောက်တော့ ဘယ်မှာအိပ်ရမလဲဟုမေးပြီး အိပ်ယာပေါ်တက်ကာ တစ်ချိုးတည်းအိပ်ပျော်သွားသည့် ဝမ်ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်သက်ပြင်းချလိုက်ရင်း ဝမ်ရိပေါ်ဘေးမှာ အသာဝင်အိပ်လိုက်ရတော့သည်။
🦋
အခန်း(၉)
“ကျန့်ကိုကို ထတော့ ငါဗိုက်ဆာတယ်၊ ကျန့်ကိုကို ထလို့”
အိမ်မက်ထဲကလိုလို တကယ်လိုလို ဘေးမှခေါ်နေသံကြောင့် ရှောင်းကျန့် အိပ်ချင်မူးတူးဖြင့် ထထိုင်မိသည်။ မိုးလင်းခါနီးမှ အိပ်ရတာမို့ အခုအိပ်ယာနိုးတော့ နေအတော်မြင့်နေပြီဖြစ်သည်။ အလုပ်သွားရမည်ဆိုသော အတွေးဝင်လာတာမို့ အိပ်ချင်စိတ်တို့ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်။ ထပြီး ရေချိုးခန်းဆီသို့ပြေးမည်အလုပ် ဘေးမှဆွဲထားတာမို့ လှည့်ကြည့်လိုက်တော့ ဆံပင်စုတ်ဖွားနှင့် ဝမ်ရိပေါ်ကိုမြင်၍ လန့်သွားမိသည်။
VOUS LISEZ
🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Fanfictionရှောင်းကျန့်ဟာအလုပ်ကြိုးစားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါသည်။ တစ်နေ့မှာ ရှောင်းကျန့်တစ်ယောက် အလုပ်ကြိုးစားနေပါလျက် အကြောင်းတစ်ခုကြောင့် အလုပ်ပြုတ်သွားခဲ့ရသည်။ ထိုနေ့မှာပဲ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး ဝမ်ရိပေါ်နှင့်တွေ့ဆုံခဲ့ရသည်။ အဲ့ဒီန...