🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Ep-3“စစ်ကျွေး ခဏဝင်ခဲ့”
“ဟုတ်ကဲ့ပါ သခင်လေး”
ဝမ်ရိပေါ်ခေါ်သံကြောင့် ချစ်စရာလူငယ်လေးတစ်ယောက် အခန်းတွင်းသို့ရောက်လာသည်။ ရှောင်းကျန့်ကိုမြင်တော့လန့်သွားပြီး
“သခင်လေး သူ... သူကဘယ်သူလဲ ရန်သူလား”
ပြောပြောဆိုဆိုဖြင့် လက်ထဲကဓားကိုထုတ်ဖို့ပြင်လိုက်တာကြောင့် ဝမ်ရိပေါ်လက်ကာပြလိုက်ရသည်။
“စစ်ကျွေး သူကငါ့မိတ်ဆွေ၊ ငါမင်းကိုတစ်ခုခိုင်းစရာရှိတယ်”
“သူက ဘယ်ကနေရောက်လာတာလဲ ကျွန်တော်တို့အခန်းရှေ့မှာတစ်ချိန်လုံးရှိနေတာပဲ၊ ဘယ်အပေါက်ကဝင်တာလဲ”
စကားတွေများပြီး စူးစမ်းနေတဲ့ စစ်ကျွေးဆိုတဲ့ ကောင်လေးကို ရှောင်းကျန့် စနောက်ချင်လာ၍ လျှာထုတ်ပြောင်ပြလိုက်သည်။
“သခင်လေး သူ ကျွန်တော့်ကိုပြောင်ပြနေတယ်”
“ကဲ တော်ပြီ စစ်ကျွေး မင်း မြို့ထဲသွားပြီး ဆံပင်အရှည်အတုတစ်ခုရှာခဲ့ပေး”
“သူ့ခေါင်းစွပ်ပေးဖို့လား သခင်လေး”
စစ်ကျွေးက ဆံပင်တိုနေသည့်ရှောင်းကျန့်ခေါင်းကို လက်ညိုးထိုးပြရင်းမေးသည်။
“မင်း အရမ်းလျှာရှည်တာပဲ စစ်ကျွေး သွားတော့ မြန်မြန်ရှာလာခဲ့၊ ဘယ်သူ့မှမပြောနဲ့နော်”
ဝမ်ရိပေါ်အမိန့်ပေးလိုက်မှ စစ်ကျွေး ပြန်ထွက်သွားတော့သည်။
“ကဲ မင်းအလှည့် မင်းဘယ်ကလာတာလဲ”
“နေဦး မင်းအရင်ဖြေဦး ဒါကဘယ်နေရာလဲ၊ ဒါမှငါဘယ်ကလာတယ်လို့ပြောလို့ရမှာ”
“ဒါက တိမ်လွှာနန်းမြိုင်လေ”
“တိမ်လွှာနန်းမြိုင်က ဘာလဲ”
“ငါတို့ဝမ်အိမ်တော်ရဲ့အမည်နာမလေ”
“အခု ဘယ်ခုနှစ်လဲ”
“ဘာနှစ်ကိုမေးတာလဲ”
“ခရစ်သက္ကရာဇ်ကိုမေးတာ”
YOU ARE READING
🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Fanfictionရှောင်းကျန့်ဟာအလုပ်ကြိုးစားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါသည်။ တစ်နေ့မှာ ရှောင်းကျန့်တစ်ယောက် အလုပ်ကြိုးစားနေပါလျက် အကြောင်းတစ်ခုကြောင့် အလုပ်ပြုတ်သွားခဲ့ရသည်။ ထိုနေ့မှာပဲ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး ဝမ်ရိပေါ်နှင့်တွေ့ဆုံခဲ့ရသည်။ အဲ့ဒီန...