Ep-15(Unicode)

601 72 0
                                    

🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Ep-15

                       အခန်း(၁၄)

ရိပေါ်မျက်လုံးတို့ကိုဖွင့်ကြည့်လိုက်တော့ မျက်နှာကျက်အဖြူရောင်ကိုမြင်ရသည်။ သူမှတ်မိတာက ရှောင်းကျန့်အခန်းမှာ သူခေါင်းအလွန်ကိုက်တာမို့ ရေချိုးရန် ရေချိုးခန်းဝင်လိုက်ချိန် လိပ်ပြာလေးတစ်ကောင် သူ့ဆီပျံဝဲလာသည်။ ရေပန်းကိုဖွင့်လိုက်စဉ် ကျလာသောရေများက ရိပေါ်နှာခေါင်းတွင်းဝင်လာသကဲ့သို့ ရေမွန်းသလို ခံစားချက်နှင့်အတူ အရာအားလုံးတိတ်ဆိတ်သွားသည်။ ယခု သူဘယ်မှာရောက်နေပြန်ပြီလဲ ဟုတွေးမိတာမို့ ဘေးကိုကြည့်လိုက်တော့ တိမ်လွှာနန်းမြိုင်က သူ့အခန်းထဲရောက်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူ့အတွင်းအားတစ်ဝက်လောက်ဆုံးရှုံးထားသလိုခံစားရပြီး ခေါင်းတစ်ခုလုံးလည်း လေးလံနေသည်။ ကြိုးစားပြီး ကုန်းထလိုက်ချိန်မှာပဲ

    “ဝမ်သခင်လေး သတိရလာပြီနော်၊ တော်သေးတာပေါ့ ကျွန်တော်က ဝမ်သခင်လေးသတိမရတော့ဘူးထင်နေတာ”

မျက်နှာလေးညှိုးကျကာ ပြောနေသည့် စစ်ကျွေးကိုတွေ့ရတာမို့ ဝမ်ရိပေါ်လည်း သူ့ကိုတွဲထူစေလိုက်ပြီး ထိုင်လိုက်သည်။

    “ငါဘယ်လိုပြန်ရောက်လာတာလဲ”

    “ဝမ်သခင်လေးပျောက်နေတာ လေးလတောင်ရှိပြီ၊ နေ့တိုင်း ကျွန်တော်တို့တွေ နေရာအနှံ့ လူခွဲပြီးရှာကြတယ်၊ ဒါပေမယ့်ဘယ်နေရာမှာမှမတွေ့တာမို့ ဝမ်သခင်လေးရဲ့ ဆရာဦးရီးတော်ကို လှမ်းအကြောင်းကြားလိုက်ရတယ်၊ ဆရာဦးရီးတော်လည်း လက်လှမ်းမီသလောက်စုံစမ်းကြည့်ပေမယ့် ဘာသတင်းမှ မရခဲ့ဘူး၊ နောက်ဆုံး သတင်းရတာက မိစ္ဆာတွေနဲ့လိပ်ပြာတောင်မှာ တိုက်ခိုက်ကြတဲ့အကြောင်းသိလာခဲ့တယ်၊ မိစ္ဆာဂိုဏ်းချုပ်ဆီကို သိုင်းလောကအုပ်ချုပ်တဲ့ လန်ဂိုဏ်းကလူလွှတ်ပြီး စုံစမ်းခိုင်းတော့ ဝမ်သခင်လေးနဲ့ အစ်ကိုရှောင်းတို့ ရောင်စဉ်ထဲ ဝင်သွားကြတဲ့သတင်း ကြားရတာပဲ၊ တစ်စစီဖြစ်မသွားပဲ ပျောက်သွားတာမို့ သေတာလား၊ ရှင်တာလားမသိလို့ ဝမ်သခင်လေးကို ကျွန်တော်တို့ နေ့တိုင်းမျှော်နေတာ”

🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋Where stories live. Discover now