Ep-4(Unicode)

855 93 2
                                    

     🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Ep-4

                       အခန်း(၃)

      ဈေးသည်များ၊ ဓားလွယ်ထားသည့် သိုင်းသမားများနှင့် မြို့ထဲမှာ စည်ကားလျက်ရှိသည်။ ရှောင်းကျန့်အတွက် မြင်သမျအရာအားလုံး အဆန်းတကျယ်ဖြစ်နေရသည်။ ဝမ်ရိပေါ်နှင့်အတူလမ်းလျှောက်ရင်း သိုင်းသမားများကို မြင်လျှင် နောက်သို့ရောက်ရောက်သွားတတ်သော ရှောင်းကျန့်ကို ဝမ်ရိပေါ်ကြည့်ရင်း ရယ်မိသည်။

      “ကောင်းကောင်းလျှောက်လေ၊ ဘယ်လိုဖြစ်နေတာလဲ”

      “ဓားနဲ့ယမ်းသွားရင် သေမှာကြောက်လို့”

      “မင်းဒီလိုလုပ်နေမှ ဓားနဲ့ယမ်းချင်မှာပဲ”

      ထိုစကားကြားမှ ယပ်တောင်လေးကိုဟန်ပါပါကိုင်ရင်း ရှောင်းကျန့်တစ်ယောက် ဝမ်ရိပေါ်ဘေးကနေ ကပ်ပြီး လျှောက်လိုက်တော့သည်။

      “ဝမ်သခင်လေးပါလား၊ အပြင်ထွက်လာတာ‌ပေါ့”

      ဓားကိုင်ထားပြီး နောက်ကလူအချို့ပါတဲ့ လူတစ်ယောက် နှုတ်ဆက်လာတာမို့ ဝမ်ရိပေါ်လည်း ပြန်နှုတ်ဆက်လိုက်သည်။

      “ကျန်းသခင်လေးပဲ၊ မတွေ့ရတာကြာပြီ”

      “မဟုတ်ရင်တောင် ဝမ်သခင်လေးဆီစာပို့မလို့၊ နောက်နှစ်ရက်နေရင် သိုင်းလောကသားတွေ ပညာဖလှယ်ပွဲရှိတယ်၊ ဒီတစ်ခါယွင်မုန့်ကျန်းဂိုဏ်းမှာကျင်းပမှာမို့ ဝမ်သခင်လေး ကြွရောက်ပေးဖို့ ဒီမှာပဲ ဖိတ်လိုက်တော့မယ်နော်…ဒါနဲ့ ဒီဘက်က သခင်လေးကို အရင်ကမတွေ့ဖူးပါဘူး ဘယ်ဂိုဏ်းကလဲ”

       စကားပြောရင်း ရှောင်းကျန့်ဘက်လှည့်မေးလိုက်ရာ ရှောင်းကျန့်ဘာဖြေရမှန်းမသိ ဖြစ်သွားသည်။ ပါးစပ်ထဲတွေ့ရာ ဂိုဏ်းနာမည်ပြောလိုက်ပြန်လို့ မှားသွားရင် အသတ်ခံရမှာလည်းစိုးရသည်။ ရှောင်းကျန့် မျက်လုံးအဝိုင်းသားဖြင့် အံ့ဩထိတ်လန့်နေစဉ်

      “သူက ကျုပ်မိတ်ဆွေပါ အဝေးကြီးကလာတဲ့သူမို့ ကျန်းသခင်လေးမသိတာပါ”

      ဝမ်ရိပေါ်ဝင်ဖြေပေးလိုက်မှ ရှောင်းကျန့် စိတ်အေးသွားရသည်။

🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋Where stories live. Discover now