🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Ep-6“ဘယ်မှမရောက်ပါဘူး၊ ငါသိမ်းထားတာပါ နောက်ပြီး မင်းလက်ကိုဖယ်လိုက်လို့ရပြီနော်”
ဓါးပျံပေါ်ကဆင်းပြီးသည့်အချိန်ထိ ယောင်ပြီး ဝမ်ရိပေါ်လက်ကို ရှောင်းကျန့်ကိုင်မိထားဆဲပင်။ ဝမ်ရိပေါ်ပြောလိုက်မှ ရှောင်းကျန့် လက်ကို အမြန်လွှတ်လိုက်ပြီး ရှက်ရှက်နှင့် လက်ထဲကယပ်တောင်လေးကို မမြင်ဖူးသလို ကြည့်နေလိုက်မိသည်။
“သခင်လေးရယ်တာခုမှသေချာမြင်ဖူးတယ်၊ အစ်ကိုရှောင်းတကယ်တော်တယ်၊ ကျွန်တော်တို့ သခင်လေးကို ရယ်အောင်လုပ်နိုင်တယ်”
ပြုံးစိစိနှင့်ပြောလာသောစစ်ကျွေးကိုလှမ်းကြည့်ပြီး ရှောင်းကျန့်အရှက်ပြေရယ်ပြလိုက်မိသည်။ ဝမ်ရိပေါ်ကတော့ မျက်နှာကိုပြန်တည်ရင်း
“စကားမများကြနဲ့တော့ အထဲဝင်ကြမယ်၊ အားလုံးပဲ သတိနဲ့နေကြပါ”
“ဟုတ်ကဲ့ပါ သခင်လေး”
ယွင်မုန်းကျန်းဂိုဏ်းက အလွန်လှပတဲ့နေရာလေးတစ်ခုပင်။ ပန်းပင်တွေအများအပြားရှိသည့်အပြင် ချောင်းလေးဘေးနားမှာမို့ ရေစီးသံလေးများကြားရသည်မှာ နားဝင်ချိုလှသည်။ ရှောင်းကျန့် လှပသော ရှုခင်းများကိုငေးနေဆဲမှာ ဝမ်ရိပေါ်က သိုင်းလောကအကြီးအကဲများနှင့် စကားပြောနေသည်။
“ရှောင်းသခင်လေးတို့ရောက်လာကြပြီလား”
ခေါ်သံကြားလိုက်တာမို့ ရှောင်းကျန့်နောက်သို့လှည့်ကြည့်မိစဉ် ကျန်းဂိုဏ်းချုပ်ကို တွေ့လိုက်ရသည်။
ရှောင်းကျန့်လည်း လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ မျက်လုံးကတော့ ဘေးဘီဝဲယာ လျှောက်ကြည့်ရင်း ဝမ်ရိပေါ်ကိုရှာနေမိသည်။ ရှုခင်းအငေးလွန်ကာ ဝမ်ရိပေါ်ဘယ်ရောက်သွားမှန်းမသိလိုက်။“ရှောင်းသခင်လေး ဘာရှာနေတာလဲ”
“ဟို…ဝမ်သခင်လေးဘယ်သွားလဲလို့ဗျ”
ပုံမှန်ပြောနေကျပုံစံအတိုင်းပြောမိ၍ ကျန်းချန်ထူးဆန်းသလိုကြည့်လာတာမို့ ရှောင်းကျန့်လည်း ချောင်းဟန့်သလို ဟန်လုပ်လိုက်ရင်း
ESTÁS LEYENDO
🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Fanficရှောင်းကျန့်ဟာအလုပ်ကြိုးစားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါသည်။ တစ်နေ့မှာ ရှောင်းကျန့်တစ်ယောက် အလုပ်ကြိုးစားနေပါလျက် အကြောင်းတစ်ခုကြောင့် အလုပ်ပြုတ်သွားခဲ့ရသည်။ ထိုနေ့မှာပဲ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး ဝမ်ရိပေါ်နှင့်တွေ့ဆုံခဲ့ရသည်။ အဲ့ဒီန...