Ep-14(Unicode)

591 71 0
                                    

🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Ep-14

                     အခန်း(၁၃)

မနက်လင်းလာတော့ ရှောင်းကျန့်အရင်နိုးလာတာမို့ ဘေးနားမှာအိပ်နေသော ရိပေါ်မျက်နှာလေးကို ကြည့်နေရင်း ပါးလေးကိုအသာတို့လိုက်သည်။ ရိပေါ်ကမျက်နှာကို လက်နှင့်တစ်ချက်ပွတ်လိုက်ရင်း တစ်ဖက်လှည့်ကာ ပြန်အိပ်သွားတာမို့ ရှောင်းကျန့်လည်း ရယ်လိုက်ပြီး အိပ်ယာမှ အသာထကာ ရေချိုးခန်းထဲသို့ဝင်လာခဲ့သည်။ ရေချိုးခန်းထဲမှာ ရေချိုးရင်း ညကအကြောင်းများပြန်တွေးမိပြီး ရှက်ရွံ့မှုတစ်ဝက်နှင့် ကြည်နူးမှုတစ်ဝက် ပေါင်းစပ်ကာ ပြုံးနေမိပါသည်။

ထိုစဉ် ရေချိုးခန်းမှန်မှတစ်ဆင့် နံရံမှာနားနေသော လိပ်ပြာလေးတစ်ကောင်ကို ရှောင်းကျန့်မြင်လိုက်ရသည်။ လှည့်ကြည့်လိုက်တော့ လိပ်ပြာတောင်မှာတွေ့ခဲ့ရသလို အရောင်လက်နေသည့် လိပ်ပြာလေးတစ်ကောင် ဖြစ်နေသည်။ ရှောင်းကျန့်လိပ်ပြာလေးအနီးသို့ သွားကြည့်မည့်အချိန် ရေချိုးခန်းတံခါးကိုလာခေါက်တာမို့ ရှောင်းကျန့်လည်း တံဘက်ပတ်ကာ ထွက်လာလိုက်သည်။ ရိပေါ်က အပြင်ဘက်မှာ အိပ်ချင်မူးတူးပုံနှင့် ရပ်နေပြီး သူ့ဖုန်းကိုလှမ်းပေးရင်း

     “ဖုန်းလာနေတာ သုံးခါလောက်ရှိပြီမို့ လာပေးတာ အရေးကြီးတယ်ထင်တယ်”

Missed call ကြည့်လိုက်တော့ မားဆီကဖြစ်သည်။

     “မားဆီကပဲ ရိပေါ် မင်းအိပ်ရေးမဝသေးဘူးမလား ပြန်အိပ်လိုက်ဦး ပြီးရင် မနက်စာချက်ပေးမယ်နော်”

    “အင်း ဒီနေ့ဘယ်လိုဖြစ်နေမှန်းမသိဘူး ခေါင်းတွေကိုက်ပြီး တစ်ကိုယ်လုံးလေးနေသလိုပဲ”

ရိပေါ်စကားကြောင့်ရှောင်းကျန့်စိတ်ပူသွားပြီး ရိပေါ်နဖူးလေးအသာစမ်းကြည့်မိတော့ အပူချိန်က ပုံမှန်ပင်။ နောက်တော့ တစ်ခုခုတွေးမိပြီး ရယ်လိုက်ရင်း

     “မင်းက ဆိုးတာကို၊ ပြန်အိပ်လိုက်ရင် နေကောင်းသွားမှာ သွားအိပ်လိုက်နော်
ငါ မားဆီ ဖုန်းပြန်ဆက်လိုက်ဦးမယ်”

ရိပေါ်ကို အိပ်ယာဆီတွန်းလွှတ်ရင်း ရှောင်းကျန့် မားဆီ ဖုန်းခေါ်လိုက်သည်။ မားနှင့်ဖုန်းပြောအပြီးမှာ ရှောင်းကျန့်မျက်စိများ ပြာသွားသလိုခံစားလိုက်ရသည်။ မနက်က ပါး မူးလဲပြီး ဆေးရုံတင်လိုက်ရတယ်တဲ့၊ ဦးနှောက်သွေးကြောပြတ်တာမို့ ခွဲစိတ်မှုပြုလုပ်နေရသည်ဟုပြောသည်။ မား၏ငိုသံကြောင့် ရှောင်းကျန့်လည်း အမြန်လာခဲ့မည်ဟုပြောပြီး အဝတ်အစားအမြန်လဲလိုက်သည်။

🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋Where stories live. Discover now