Ep-7(Unicode)

712 93 0
                                    

       🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Ep-7

     “သွားလို့ရပြီ ဝမ်သခင်လေး”
  
     “ဓါးပျံပေါ်တက်”

     “ဟင် ထပ်ပြီးဓါးပျံလား၊ ဘယ်သွားမှာလဲ ဝမ်သခင်လေး”

     “တက်မှာတက်ပါ၊ အပြင်မသွားချင်လည်း မသွားနဲ့”

    “သွားမှာ သွားမှာ၊ တက်ဆိုလည်းတက်ပါမယ်၊ စိတ်ကြီးပဲ ဝမ်သခင်လေးကလည်း”

ရှောင်းကျန့်လည်း ဓါးပျံပေါ်တက်ပြီးတာနဲ့ ဝမ်ရိပေါ်လက်ကို ကိုင်ထားလိုက်သည်။ တိမ်လွှာနန်းမြိုင်ထဲမှာနေရတာ ကြာပြီမို့ ရှောင်းကျန့် တကယ်ကို ပျင်းနေပြီ။ ဝမ်ရိပေါ် အားလပ်ချိန်ကလည်း ရွှေထက်ပင် တန်ဖိုးရှိနေတာမို့ ကလန်ကဆန် သိပ်မလုပ်ရဲ။ ဘယ်သွားသွား အပြင်ထွက်ရပြီးရောဆိုပြီး ရှောင်းကျန့်လည်း ဝမ်ရိပေါ်လက်ကိုကိုင်ထားရင်း ဓါးပျံစီးလိုက်သည်။ ဒုတိယအကြိမ်မို့ သိပ်တော့မကြောက်လှပါ။

                              🦋

                        အခန်း(၇)

ဒီတစ်ခါ ဓါးပျံတော်တော်ကြာကြာစီးလိုက်ရသည်။ စိမ်းစိမ်းစိုစိုမြင်ကွင်းများနှင့် တစ်နေရာအရောက်တွင် ဝမ်ရိပေါ် ဓါးပျံကိုရပ်တန့်လိုက်သည်။

     “ရောက်ပြီ”

    “ဒါဘယ်နေရာလဲ ဝမ်သခင်လေး၊ တော်တော်လှတာပဲ”

သစ်ပင်ကြီးတွေအများစုကိုတွေ့ရကာ စိမ်းစိုလှပနေသည့် သဘာဝမြင်ကွင်းများကို မြင်လိုက်ရ၍ ရှောင်းကျန့်စိတ်ထဲ အလွန်အေးချမ်းသွားသလို ခံစားရသည်။ အလေ့ကျပေါက်သည့် ပန်းပွင့်ရောင်စုံများ၏ အလှတရားနှင့် ရေစီးသံလေးတိုးညှင်းစွာကြားနေရခြင်းက ကဗျာလေးတစ်ပုဒ်နှယ်ပင်။

     “လိပ်ပြာတောင်လေ၊ မင်းအရမ်းသွားချင်နေတဲ့နေရာပဲ”

     “လိပ်ပြာတောင်လား အရမ်းလှတာပဲ ဒီနေရာမှာ ဘယ်သူမှမနေတာ နှမျောစရာကောင်းတယ်”

     “အန္တရာယ်လည်းများတယ် နေရာတိုင်းကိုသတိထား အဆိပ်ရှိတဲ့အပင်တွေအများကြီး ရှိတယ်”

     “ဒါနဲ့ ဝမ်သခင်လေး ဟိုတစ်ခါကြားဖူးတဲ့ ရောင်စဉ်ထွက်တာဘယ်နားလဲ”

     “လိပ်ပြာဂူမှာ”

     “ကြာသွားပြီမို့ရောင်စဉ်မရှိလောက်တော့ဘူးနော်၊ ဒါပေမယ့် သွားကြည့်ချင်တယ် လိုက်ပို့ပါနော် ဝမ်သခင်လေး”

🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋Where stories live. Discover now