Ep-2(Unicode)

1.3K 111 1
                                    

🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Ep-2

                      အခန်း(၂)

     ရေထဲမှာဘယ်လောက်တောင် မျောနေမှန်းမသိခဲ့ဘဲ အိမ်မက်တစ်ခုလိုပဲ ရေထဲမှာ ရှောင်းကျန့်ပြန်သတိရလာသည်။ အပေါ်ကိုမော့ကြည့်မိတော့ အလင်းရောင်တစ်ခုကို မြင်ရတာမို့ အလင်းရောင်ရှိရာဆီသို့ ကြိုးစားကာ တက်လှမ်းလိုက်သည်။

      “ဗွမ်း”

      ရေပေါ်ကိုရောက်လာတော့ ထူးဆန်းတဲ့မြင်ကွင်းတွေကို ရှောင်းကျန့်မြင်လိုက်ရသည်။ အခန်းတစ်ခုထဲက ရေစည်ပိုင်းထဲမှာ ရှောင်းကျန့်ရောက်နေခြင်းပင်။ အခန်းပုံစံကလည်း ရှေးဟောင်းအခန်းပုံစံမျိုးဖြစ်နေသည်။ ဘယ်ရောက်နေပါလိမ့်ဟုတွေးရင်း တစ်ဖက်လှည့်လိုက်တော့ အဝတ်ဗလာ၊ ဆံပင်ရှည်နှင့် ကောင်လေးတစ်ယောက်ကို ရှောင်းကျန့်မြင်လိုက်ရသည်။ သူကလည်း ရှောင်ကျန့်ကိုကြည့်ပြီး အံ့ဩလွန်းနေတာမို့ ဘာသံမှထွက်မလာ။ ရှောင်းကျန့်လည်း လန့်သွားတာမို့ “အား” ဟုအော်လိုက်စဉ် ထိုကောင်လေးက ရှောင်းကျန့်ပါးစပ်ကိုအမြန်ပိတ်လိုက်သည်။

     “မင်းကဘယ်သူလဲ ငါ့ရေချိုးကန်ထဲဘယ်လိုရောက်နေတာလဲ”

      ရေချိုးကန်ဆိုပါလား။ မြစ်ထဲချော်ကျရာက ဘယ်လိုဖြစ်ပြီး……ငါများသေသွားပြီလား။ နတ်သားရဲ့ ရေကန်ထဲရောက်နေတာများလား။ ပုံပြင်ဆန်ဆန်တွေးလိုက်ရင်း ရှောင်းကျန့်မရဲတရဲနှင့် ထိုကောင်လေးကိုကြည့်ရင်း

      “ခင်ဗျားက နတ်သားလားဟင်၊ ကျွန်တော် သေသွားတာလား”

      ရှောင်းကျန့်မေးခွန်းအဆုံး ရုတ်တရက် ထိုကောင်လေးက ရှောင်ကျန့်ခေါင်းကို ရေထဲဆွဲနှစ်လိုက်သည်။ အသက်ရှူကြပ်သည့်ဝေဒနာခံစားရတာမို့ အတင်းရုန်းကန်ရင်း ခေါင်းဖော်ရင်း အသက်ရှူလိုက်ရသည်။

      “ဘာလို့ ရေထဲနှစ်တာလဲ ငါသေသွားမှာပေါ့”

      ထိုကောင်လေးက ဟက်ကနဲရယ်လိုက်ရင်း

      “မင်းပဲ သေပြီလားလို့မေးတယ်လေ၊ အခုသိပြီမလား၊ ကဲ အရူးလုပ်မနေနဲ့ မှန်မှန်ပြော မင်း မိစ္ဆာဂိုဏ်းကလာတာမလား”

🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋Место, где живут истории. Откройте их для себя