🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Ep-12အခန်း(၁၁)
ရှောင်းကျန့်အလုပ်သွားရင်း ဖုန်းဝင်ဝယ်လိုက်သည်။ သူအလုပ်သွားချိန်အထိ ရိပေါ် အိပ်ပျော်နေတာမို့ မနက်စာ ထမင်းချက်ပေးခဲ့ပြီးမှ စာရေးထားပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။ ဝယ်လာသောဖုန်းလေးကိုကြည့်ရင်း သီချင်းသံကိုလန့်ပြီး ဖုန်းကိုဖျက်ဆီးလိုက်သည့် ရိပေါ်အကြောင်းတွေးမိရင်း တစ်ယောက်တည်း ပြုံးနေမိသည်။ မျက်စိလည်လမ်းမှားကာ တိမ်လွှာနန်းမြိုင်ရောက်ခဲ့ချိန်မှစပြီး သူ့ဘဝထဲကို ဝမ်ရိပေါ် မသိမသာဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ သူက လိပ်ပြာတွေရဲ့ကယ်တင်ခြင်းကိုခံရသည့် ကလေးငယ်ဖြစ်နေရခြင်းအကြောင်းကပဲ ဝမ်ရိပေါ်နှင့် တွေ့ဆုံရန် အကြောင်းဖန်လာရခြင်းလည်း ဖြစ်နိုင်သည်။ မြင်ရတာနဲ့ ကျက်သရေရှိလှပြီး စမတ်ကျသော ဝမ်သခင်လေးကို ရှောင်းကျန့် တွေ့စကတည်းက သဘောကျခဲ့ရသည်။ တည်ကြည်ခန့်ညားလှသည့် အသွင်အပြင်တို့နှင့် ရှောင်းကျန့်ကို အကာအကွယ်ပေးတတ်သည့် ဝမ်သခင်လေးတစ်ဖြစ်လည်း ဝမ်ရိပေါ်က ရှောင်းကျန့်၏အတွေးထဲမှာ နေရာယူလာသည်။ ယခု ဒီပြန်ရောက်လာချိန်မှာ ဝမ်ရိပေါ်ပါ ပါလာတာမို့ ရှောင်းကျန့်အရမ်းပျော်မိသည်။ အထီးကျန်ခြင်းများနှင့်ဘဝမှာ ယခုမှစိုပြည်လာရသည်။ ဝမ်ရိပေါ်မှာ ကလေးဘဝက ဆိုးခွင့်မရခဲ့ရ၊ လွတ်လပ်စွာ မနေခဲ့ရသမျှ ဒီရောက်မှ အတိုးချနေသလားမသိ။ တိမ်လွှာနန်းမြိုင်မှာ ရှောင်းကျန့်သိခွင့်ရခဲ့သည့် ဝမ်သခင်လေးနှင့် နည်းနည်းမှမတူသည့်ပုံစံမျိုး ဖြစ်လာသည်။ ဒီလိုမျိုး ချစ်စရာ ကလေးပုံစံနှင့် သူ့ကို ကျန့်ကိုကိုဟုခေါ်သည့် ရိပေါ်ကိုလည်း သူသဘောကျမိပါသည်။ ဘယ်လိုပုံပဲပြောင်းသွားသွား၊ သူဟာ ဝမ်ရိပေါ် ဖြစ်နေသရွေ့ ရှောင်းကျန့်သဘောကျနေမိမယ် ထင်ပါသည်။ ရိပေါ်ဘက်ကဘယ်လိုသဘောထားထား ရှောင်းကျန့်အတွက် ပထမဆုံးနှင့် နောက်ဆုံးအချစ်မှာ ရိပေါ်တစ်ယောက်သာဖြစ်မည်ထင်ပါသည်။
အတွေးတွေအများကြီးနှင့် ရှောင်းကျန့် သတိထားမိချိန် စီးလာတဲ့ ဘတ်စ်ကားက ကုမ္ပဏီကိုတောင် ကျော်သွားပြီမို့ ရှေ့မှတ်တိုင်မှာ အပြေးအလွှားဆင်းလိုက်ရသည်။ ပြီးမှ ခြေလျင်ပြန်ပြေးရတော့သည်။ ပြေးရင်းခေါင်းထဲပေါ်လာတာက ‘အချစ်ကပြေးရတာနဲ့တူတာပဲ… မောလိုက်တာနော်’တဲ့လေ။
YOU ARE READING
🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Fanfictionရှောင်းကျန့်ဟာအလုပ်ကြိုးစားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါသည်။ တစ်နေ့မှာ ရှောင်းကျန့်တစ်ယောက် အလုပ်ကြိုးစားနေပါလျက် အကြောင်းတစ်ခုကြောင့် အလုပ်ပြုတ်သွားခဲ့ရသည်။ ထိုနေ့မှာပဲ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး ဝမ်ရိပေါ်နှင့်တွေ့ဆုံခဲ့ရသည်။ အဲ့ဒီန...