🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Ep-13အခန်း(၁၂)
ရိပေါ်ကို ဖုန်းဝယ်ပေးပြီးသည့်နေ့မှစကာ ရှောင်းကျန့် ကုမ္ပဏီမှာ အလုပ်လုပ်စဉ် အလုပ်တစ်ခုတိုးလာတော့သည်။ ဖုန်းဖြေရသည့် အလုပ်ပင်ဖြစ်သည်။ အလုပ်စသွားချိန်မှစပြီး ညနေရုံးဆင်းချိန်ထိ နာရီဝက်တစ်ခါလောက် ဖုန်းလာတတ်သည်။
“ကျန့်ကိုကို ခေါက်ဆွဲကဘယ်လိုပြုတ်ရတာလဲ”
“ကျန့်ကိုကို အဝတ်လျှော်စက်က ဘယ်လိုသုံးရတာလဲ”
“ကျန့်ကိုကို ကြက်ကြော်ဝယ်လာဦးနော်” စသဖြင့် ကျန့်ကိုကိုချင်းထပ်ကာ ပျင်းတိုင်း ဖုန်းထိုင်ခေါ်နေသည့် ရိပေါ်ကြောင့် ရှောင်းကျန့်မှာ လုပ်ဖော်ကိုင်ဖက်များကတစ်မျိုးထင်ရသည့်အထိ ဖြစ်ရသည်။
“ရှောင်းကျန့် နင်ရည်းစားရနေတာလား”
ရှောင်းကျန့်ဖုန်းပြောအပြီး မန်နေဂျာမမမေးသံကြောင့် ရှောင်းကျန့် ရှက်ရယ်ရယ်လိုက်ပြီး
“မဟုတ်ပါဘူး ညီလေးကအိမ်မှာပျင်းနေလို့ ဖုန်းဆက်တာပါ”
“ဟိုအရူးလေးက နင်နဲ့အတူနေတာပေါ့၊ နင်တို့ကဘာတွေလဲ ငါ့ကိုမှန်မှန်ပြောနော် လိမ်ဖို့မကြိုးစားနဲ့ ငါက Fujoshiနော်…တစ်ခုခုအနံ့ရနေတယ်ထင်တာပဲ၊ ငါထင်ရင် လွဲခဲတယ်”
အရေးထဲ Fujoshiနဲ့လာတွေ့နေသေးတယ်၊ ရှောင်းကျန့်ကဘာအမှန်ပြောပြရမှန်းမသိ။ သူနှင့်ရိပေါ်အခြေအနေက မန်နေဂျာမမထင်သလိုမဟုတ်သေးတာမို့ အပြုံးနွမ်းလေးတစ်ပွင့်နှင့်အတူ ခေါင်းယမ်းပြလိုက်ရင်း
“ဒီလိုပဲ ညီအစ်ကိုတွေပါ အမရယ်” ဟုဖြေလိုက်ရတော့သည်။
နောက်ရက်တွေတော့ ရှောင်းကျန့်ဖုန်းကိုင်ရတာပင်ပန်းကြောင်းပြောထားတာမို့ ရိပေါ်က ယခင် နာရီဝက်ခြားတစ်ခါလောက် ဖုန်းခေါ်ရာမှ တစ်နာရီခြားလောက်တော့ပြောင်းခေါ်ပါသည်။
တစ်ရက်တော့ ရှောင်းကျန့်တို့ ကုမ္ပဏီ၏ CEOမှ စာရင်းများစစ်ရင်း ဝန်ထမ်းများနှင့် တွေ့ဆုံရန်ရောက်လာတာမို့ ရှောင်းကျန့်တို့အားလုံး အလုပ်များနေရသည်။ ဖုန်းကိုလည်း အသံပိတ်ထားပြီး အိတ်ထဲထည့်ထားတာမို့ ရိပေါ် ဖုန်းခေါ်သည့်အခါ မကိုင်ဖြစ်လိုက်ပါ။ CEOမှ လိုအပ်သည်များကို အစည်းအဝေးပြုလုပ်မှာကြားရင်း မိုးချုပ်သွားတော့သည်။ CEOပြန်သွားမှ ရုံးဆင်းရန်အိတ်ယူပြီး ဖုန်းကိုကြည့်မိချိန်မှ ရိပေါ် ဖုန်းခေါ်ထားတာ အကြိမ်တစ်ရာနီးပါးရှိနေသည်ကို တွေ့ရသည်။ ရှောင်းကျန့်မားလည်းဖုန်းခေါ်ထားသေးတာမို့ ရှောင်းကျန့် ..မားဆီအရင်ဖုန်းဆက်လိုက်သည်။
YOU ARE READING
🦋လိပ်ပြာတောင်ဒဏ္ဍာရီ🦋
Fanfictionရှောင်းကျန့်ဟာအလုပ်ကြိုးစားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါသည်။ တစ်နေ့မှာ ရှောင်းကျန့်တစ်ယောက် အလုပ်ကြိုးစားနေပါလျက် အကြောင်းတစ်ခုကြောင့် အလုပ်ပြုတ်သွားခဲ့ရသည်။ ထိုနေ့မှာပဲ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး ဝမ်ရိပေါ်နှင့်တွေ့ဆုံခဲ့ရသည်။ အဲ့ဒီန...