Part(3)

12.9K 1.3K 51
                                    

Unicode

ရိပေါ်က ခုတလော အကသင်တန်းတက်နေတယ်။ သင်တန်းမှာဗိုက်ဆာလို့ဆိုပြီး ထမင်းဘူးလာပို့ခိုင်းတယ်။ ၀ယ်စားလို့လဲရတာကို ဒီနေ့မင်းလုပ်ပေးတာပဲစားမှာဆိုပြီး တစ်ချက်လွှတ်အမိန့်ကြောင့် မီးဖိုချောင်ထဲ၀င်ရပြန်တယ်။

"ကိုကို ဘာလုပ်နေတာလဲ "

"အမလေး လန့်လိုက်တာ မိန်းမိန်းရယ် "

ရှောင်းကျန့်ရဲ့တစ်ဦးတည်းသောညီမ ရှောင်းမိန်းဟွာ ။

"ဘာလဲ ဟိုအယုတ်တမာကောင်အတွက် ချက်ပေးနေတာလား "

"မိန်း ကိုယ့်ထက်အကြီးကိုအဲ့လိုမပြောရဘူးလေ"

"များနေပြီနော် ကိုကို
အဲ့ကောင်ကရုပ်လေးချောသလောက် ငါ့အကို ကို တချိန်လုံးနိုင်စားနေတာ ...မိန်းစိတ်တိုလာရင် ပါးပါးတို့ကိုအကုန်တိုင်ပြောလိုက်မယ် "

ရှောင်းပါးက နေရာတကာ မချုပ်ချယ်ပဲလွတ်လပ်ခွင့်ပေးထားပေမဲ့ စည်းကမ်းကြီးတယ်။ ငွေကိုလဲအရမ်းဖြုန်းတာမကြိုက် မုန့်ဖိုးပေးတာနဲ့လောက်အောင် စနစ်တကျပဲသုံးရတယ် ။ ရှောင်း groupကနာမည်ကြီးcompany ဖြစ်ပေမဲ့ ရှောင်းကျန့်က အေးဆေးပဲနေတတ်တာကြောင့် နဲနဲလေးတောင် လူချမ်းသာ သားသမီးပုံ ပေါက်မနေဘူး။

"ဟာ မလုပ်ပါနဲ့ ၊ ရိပေါ်မှာမိဘတွေမှမရှိတော့တာ။ ဆုံးမမဲ့သူမရှိတော့နည်းနည်းဆိုးတာပါ မိန်းရဲ့ သူကစိတ်ထားလေးတော့ကောင်းပါတယ် "

ရိပေါ်က မိဘမဲ့တစ်ကောင်ကြွက်။ အမွေတွေကနောက်ဆယ်ဘ၀လောက်ထိ့စားမကုန်အောင်ချန်ခဲ့တာမို့ တစ်သက်လုံးဘာအလုပ်မှ မလုပ်ပဲတောင်နေလို့ရတယ်။ ဒါပေမယ့်ရိပေါ်က တိုက်ခန်းတစ်ခုမှာပဲနေတယ်။ ရှောင်းကျန့်က သူ့တိုက်ခန်းမှာမကြာမကြာ သွားအိပ်ဖြစ်တယ်။

"ဘယ်နားကကောင်းတာလဲ သူ့ကြောင့်ဆေးရုံတက်ခဲ့ရတာမေ့သွားပြီလား "

အဲ့နေ့က ညသန်းခေါင်ကြီး အသဲကွဲနေတယ်ဆိုပြီး ရှောင်းကျန့်ကို ဆိုင်ကယ်နဲ့အတင်းခေါ်သွားတာ။ ဘယ်‌တွေရောက်မှန်းမသိ သူမောင်းချင်ရာမောင်းနေပြီး သူ့ကောင်မလေးက ဖုန်းပြန်ဆက်လာတော့ ဒီမှာခဏစောင့်နေဟုဆိုကာ တစ်ခါထဲထွက်သွားလိုက်တာ ပြန်မလာတော့။မိုးတွင်းမို့ မိုးတွေကလဲ အချိန်ကိုက်ထားသလားမှတ်ရအောင်သဲသဲမဲမဲရွာချတယ်။ လမ်းပေါ်မှာလဲဘယ်သူမှမရှိ။ အိမ်ကိုတုန်တုန်ရီရီနဲ့ လမ်းလျောက်ပြန်လာရင်း နောက်ရက်အပြင်းဖျားတာ ဆေးရုံပါတက်လိုက်ရတယ်။ မိန်းက အဲ့ကိစ္စဖြစ်ပြီးကတည်းက ဝမ်ရိပေါ်ကိုတစက်မှအမြင်မကြည်တော့။

Just Friend : After 10 years(Completed)Where stories live. Discover now