Part(6)

12.4K 1.2K 19
                                    

Unicode

ရှောင်းကျန့်က ၀မ်ရိပေါ်အတွက် တစ်ခါတလေ ဟန်ဆောင်ရည်းစားလဲလုပ်ပေးရတယ်။ သူဖြတ်ရခက်တဲ့ မိန်းကလေးမျိုးကိုဖြတ်ချင်တဲ့အခါပေါ့..အစကတော့ ရှောင်းကျန့်က ကြောက်နေခဲ့ပေမဲ့ နောက်ပိုင်းကျ ရိုးသွားတယ်။ အဖြတ်ခံရတဲ့မိန်းကလေးတွေက သူ့ကိုအမျိုးမျိုးဆဲဆိုသွားကြ ကိုယ်ထိလက်ရောက် လုပ်သွားကြတယ် ။

ခုလဲ ဘယ်သူမှန်းမသိ့ သူ့ကိုစကားပြောချင်တယ်ဆိုတာကြောင့် အနီးအနားကဆိုင်ကိုပါလာတာ။ ဒါ၀မ်ရိပေါ်ရဲ့ ဘယ်နှစ်ယောက်မြောက်လဲ သူမသိဘူး ။ ဇာတ်လဲကြိုမတိုက်ထားတာကြောင့် စကားမှားမှာစိုးမိတယ်

"တို့က ရိပေါ်ကို လက်ထပ်ဖို့ထိ ရည်ရွယ်ပြီးချစ်တာ သိ့လား "

"ဟုတ် ဟုတ် "

"သူဘယ်လောက်ဆိုးဆိုး တို့သည်းခံနိုင်တယ်
အဲ့ဒါကြောင့် သူနဲ့လမ်းခွဲပေးပါ "

"ဗျာ ..ဟို အဲ့ဒါကလေ "

"လမ်းခွဲပေးရမှာက မင်း.."

"ရိပေါ် ! "

၀မ်ရိပေါ်က ဒီနေရာကိုဘယ်လိုသိပြီး ရောက်လာတာလဲ။ ရိပေါ်က သူ့ကိုအမြဲရှာတွေ့တယ်။ အစကနားမလည်ဘူး ...နောက်မှရှောင်းကျန့်သိလိုက်ရတာက ရိပေါ်က သူ့ဖုန်းမှာ တစ်ခုခုထည့်ထားတယ်။ ခြေရာခံတဲ့ softwareမျိုး ။ အဲ့ဒါကြောင့် သူဘယ်သွားသွား ၀မ်ရိပေါ်က သိနေတာ ။

"မင်းနဲ့ငါပြတ်ပြီ ဒါပဲ ....
လာရှောင်းကျန့် "

ရှောင်းကျန့်က အူလည်လည်နဲ့ပဲပါသွားတယ်။ ကောင်မလေးကတော့ငိုပြီးကျန်ခဲ့တယ်။

*********************************

"ဟဲလို ရိပေါ် ပြော "

"ဒီဖုန်းပိုင်ရှင်က အရမ်းမူးနေလို့ပါ သူ့ဖုန်းကိုကြည့်တော့ နံပါတ်1မှာ ဒီဖုန်းနံပါတ်ကိုထည့်ထားလို့ပါ ... လာပြန်ခေါ်ပေးပါဦး  "...." barမှာပါ "

"ဟုတ် ကျွန်တော်အခုလာခဲ့ပါ့မယ် "

စိတ်ပူစွာနဲ့ အပေါ်ထပ်လေး၀တ်လို့ ပြေးရပြန်တယ်။

"ရိပေါ် ထပါဦး "

"ရှောင်းကျန့်လား...ရှောင်း‌ကျန့် ငါ့ကိုအိမ်ပို့ပေး"

Just Friend : After 10 years(Completed)Where stories live. Discover now