Part(4)

12.4K 1.2K 20
                                    

Unicode

ရှောင်းကျန့်ရဲ့ဖုန်းက တတူတူမြည်နေတယ်။ ဘေးကရှောင်းကျန့်ကိုကြည့်တော့ အိမ်မက်ကမ္ဘာထဲ အလည်ရောက်နေပုံရတယ်။ ဝမ်ရိပေါ်က ဖုန်းကိုယူကြည့်လိုက်တယ်

"၀မ်ကော ? ဘယ်က ၀မ်ကောလဲ "

ဖုန်းကိုင်လိုက်တော့ ရိပေါ်မသိတဲ့ ယောက်ကျားတစ်ယောက်ရဲ့အသံ...

"ဟဲလို ရှောင်းလေး... ဆိုင်ကိုမလာတာကြာပြီနော် ၊ ဘာတွေလုပ်နေလဲ ကိုယ်သတိရနေတာ"

ဘာကြီးလဲ။ ဘယ်ကကောင်လဲ ......

ရိပေါ်က စိတ်တိုလာတယ်။

"ခများက ဘယ်သူလဲ "

"မင်းကရော ဘယ်သူလဲ ၊ ဘာလို့ရှောင်းလေးရဲ့ဖုန်းကိုကိုင်ရတာလဲ "

"ငါကသူ့ best friend "

"ငါလဲ သူ့မိတ်ဆွေပဲလေ သူ့ကိုဖုန်းပေးလိုက်"

"သူ့မှာ သူငယ်ချင်းဆိုလို့ငါတစ်ယောက်ပဲရှိတယ် ။ ဘယ်သူနဲ့မှ သူငယ်ချင်းတော်စရာအကြောင်းမရှိဘူး နောက်ထပ်ဖုန်းမဆက်နဲ့ ကြားလား "

"ဟ မင်းကရိုင်းစိုင်းလိုက်တာ
နေပါဦး မင်းက ၀မ်ရိပေါ်ဆိုတဲ့တစ်ယောက်လား"

"ဟုတ်တော့ဘာဖြစ်လဲ ရှောင်းကျန့်ကပြောတာလား"

"သူမပြောပါဘူး ။ သူ့ဘာသာရေရွတ်နေတာ ကိုယ်ကကြားဖူးရုံပါ။ မင်းကသူ့အပေါ် ကောင်းတဲ့ကောင်မဟုတ်တာတော့ သေချာတယ် "

တောက် ~~~

ရိပေါ်ကဖုန်းကိုချပစ်တယ်။

"ရှောင်းကျန့် ထစမ်း !!! "

"အင် ဘာလဲ ရိပေါ် ငါအိပ်ရေးပျက်ထားလို့ခဏအိပ်ပါရစေ "

"မရဘူး ထ.. ခုထ ဒီကိစ္စကိုရှင်း"

"ဘာကိစ္စလဲ "

"၀မ်ကော ဆိုတာဘယ်ကကောင်လဲ
ငါမသိအောင် သူငယ်ချင်းခိုးထားတယ်ပေါ့
ငါမင်းကိုဘာပြောထားလဲ "

သူ့လက်တွေနဲ့ အတင်းကိုင်ဆောင့်ပြီးမေးတော့ ရှောင်းကျန့်လဲစိတ်ဆိုးလာတယ်

"ဘာလို့လဲ .... မင်းကျ စိတ်ကြိုက်နေရပြီး
ငါက ဘာလို့မရတာလဲ "

Just Friend : After 10 years(Completed)Where stories live. Discover now