Unicode
ရှောင်းကျန့်က တစ်ဖက်သတ်အချစ်ရဲ့နာကျင်မှု့ကို နောက်တခါထပ်ခံစားရမှာကြောက်နေခဲ့တာ။ သူအရင်လိုပြန်မနေချင်တော့ဘူး... သူ၀မ်ရိပေါ်ကို မယုံရဲဘူး... ၀မ်ရိပေါ်ကို ထပ်အရှုံးမပေးချင်တာကြောင့် ရူးမိုက်တဲ့ရွေးချယ်မှု့ကိုလုပ်ခဲ့တယ်။ အဲ့ဒါက နှစ်ယောက်စလုံး ခံစားရမဲ့လမ်းဆိုတာ သိသိရက်နဲ့ သူရွေးခဲ့တာ ......
"၀မ်ကော .... ကျွန်တော်တို့ လက်ထပ်ကြရအောင် "
Wang Talu ကရှောင်းကျန့်ကို နားလည်တဲ့အကြည့်တွေနဲ့ အရင်လိုပဲနွေးထွေးစွာ စကားပြောတယ်။
"စိတ်လျော့ထား ...မင်းအခုအရမ်းစိတ်လှုပ်ရှားနေတယ် ...ထိုင်ပါဦး ..."
"အမြန်ဆုံး လက်ထပ်ရအောင်ပါ
တလအတွင်း ...မဟုတ်ဘူး ချက်ချင်း..."အလောတကြီးဖြစ်နေတဲ့ယုန်လေးရဲ့ခေါင်းလေးက ဖွဖွပုပ်ပေးခံရတယ် ...
"ရော့ ..ရေအရင်သောက်လိုက်ဦး "
"ကော ဖြေလေ ကျွန်တော့်ကို လက်ထပ်မှာလားလို့ "
"ကိုယ်အခုအဖြေမပေးဘူးရှောင်းလေး မင်းစိတ်တည်ငြိမ်သွားမှ ဒီအကြောင်းပြောရအောင် "
"ကျွန်တော်သေချာတယ်
ကျွန်တော်ဆုံးဖြတ်ပြီးပြီ"သူ့စိတ်ကိုသူ ထိန်းချုပ်လို့မရတော့ဘူး။ ရှောင်းကျန့်ရဲ့အမှတ်မရှိတဲ့နှလုံးသားက ဦးနှောက်ရဲ့ခိုင်းစေတာကိုမနာခံဘူး။ ၀မ်ရိပေါ်စီပြေးသွားချင်နေတယ်။ ဟင့်အင်း ဒီတခါတော့ သူလုံး၀အရှုံးမပေးဘူး .....
သူအမြန်ဆုံး တယောက်ယောက်ကို လက်ထပ်မှဖြစ်မှာ ....၀မ်ရိပေါ်ကိုတသက်စာ စာရင်းဖြတ်မယ်။"ကဲ ....ရေသောက်လိုက်ပါဆို
Detox water ...မင်းကိုစိတ်ကြည်သွားစေမှာ "ရှောင်းကျန့်က ရေကိုတခါထဲ အကုန်သောက်ချလိုက်တယ်။ သူအနည်းငယ်တော့တည်ငြိမ်လာတယ်။
"မင်းစိတ်ထဲတကယ်သေချာတယ်ဆို...
ကိုယ်မင်းကိုလက်ထပ်မယ်..နော်
မကြောက်နဲ့ ..မင်းအနားမှာကိုယ်ရှိတယ်..
ဒီနေ့မင်းမွေးနေ့မလား ကိတ်မုန့်ဖုတ်ထားတယ်။မင်းကိုဖုန်းခေါ်နေတာကြာပြီ။ မကိုင်လို့ "
YOU ARE READING
Just Friend : After 10 years(Completed)
Fanfiction၀မ်ရိပေါ် ငါမေးပါရစေ...ငါကမင်းအတွက်ဘာလဲ ... ၀မ်ရိပေါ် ငါမေးပါရစေ...ငါကမင်းအတွက်ဘာလဲ ... Start Date -20.6.2021 End Date - 12.7.2021 #YiZhan