Part(21)

13.9K 1.1K 31
                                    

Unicode

ရှောင်းကျန့်က စိတ်အေးအေးထားပြီး သူ့စိတ်ကိုသူ ဆန်းစစ်နေခဲ့တယ်။ တိကျတဲ့အဖြေတစ်ခုမရမချင်း သူရိပေါ်နဲ့မတွေ့ဘူးလို့ဆုံးဖြတ်ထားတယ်။ ၀မ်ကောကိုလဲ လက်ထပ်ဖို့ သူစိတ်လိုက်မာန်ပါ ပြောခဲ့မိတာတွေအတွက်တောင်းပန်ရတယ် ...ကောကတော့ကြိုသိထားသလိုပဲ ပြုံးလို့ခွင့်လွှတ်ပေးတာပါပဲ...

"သူလဲတော်တော်ပြောင်းလဲနေပါပြီ
ရှောင်းလေး လက်မခံနိုင်ရင်တောင်
အနားမှာတော့ နေခွင့်ပေးလိုက်ပါ..."

"ကျွန်တော်သူ့ကို  ယုံကြည်သင့်ရဲ့လား မသိတော့ဘူးကောရယ် "

"သူ့ကိုချစ်နေတုန်းပဲမလား..."

တိတ်ဆိတ်ခြင်းသည်၀န်ခံခြင်းတဲ့။ အချစ်ကြီးလွန်းတဲ့ကောင်လေး။ ဒီတစ်ခါတော့မင်း ပျော်ရွှင်ရပါစေလို့ကိုယ်ဆုတောင်းပေးပါတယ်...ကိုယ်အမြဲပြောခဲ့ပါတယ် ကိုယ်ကမင်းပျော်နေတာတစ်ခုပဲမြင်ချင်တဲ့သူပါ....ကိုယ့်အချစ်က ဘာရယူလိုမှု့မှမပါတဲ့အဖြူသက်သက်လေးမို့ ...မင်းစိတ်ချမ်းသာနေတယ်ဆိုရင် ကိုယ်၀မ်းသာရပါတယ်။

***************************

အလုပ်ကိစ္စနဲ့ မဖြစ်မနေခရီးထွက်ဖို့ပေါ်လာတာကြောင့် ရှောင်းကျန့်က အိမ်ပြန် အထုပ်အပိုး ပြင်ရတော့တယ်။ တပတ်လောက်တော့ဟိုမှာကြာမှာပဲမို့  သူဒီခရီးကပြန်လာရင်တော့ ၀မ်ရိပေါ်နဲ့ပတ်သပ်လို့ တခုခု သေချာဆုံးဖြတ်နိုင်သွားမယ်လို့ ထင်တယ်... မားမားကို အကျိုးအကြောင်း ပြောလိုက်ရင်း...ပစ္စည်းတွေထည့်တယ် ။

"မိန်းမိန်း ကိုကို့ကိုလေဆိပ်လိုက်ပို့ပေးဦး "

"လေဆိပ်ကိုလား ဘယ်သွားမလို့လဲ
ကိုကိုခုတ‌လောအိမ်ပြန်မလာပဲ ဘယ်တွေသွားနေတာလဲ "

ရှောင်းကျန့်က မိန်းဟွာရဲ့ခေါင်းလေးကိုနှစ်ချက်လောက်ဖွဖွထုလိုက်တယ် ။

"အမေးအမြန်းထူမ့ လေး...
စကားမများပဲ ကားထုပ်တော်မူပါ "

ဒါတောင်တလမ်းလုံး မရပ်မနားမေးနေသေးတာ။

"ဟိုမှာဘယ်လောက်ကြာမှာလဲ "

"ကိုကို့မင်းသားက တချိန်လုံးကိုကို့ ကို မေးနေတာ သူ့ကိုဘာလို့သွားမတွေ့တာလဲ "

Just Friend : After 10 years(Completed)Where stories live. Discover now