Unicode
" ဆောရီးကွာ ကိုယ်သူ့ကိုမြင်တော့ ရှောင်းလေးခံစားခဲ့ရတာတွေ ပြန်တွေးမိပြီး စိတ်မထိန်းနိုင်ဘူး ဖြစ်သွားတယ်။ တကယ်ဆိုကိုယ်ကအကြီးပဲ..ကိုယ်စိတ်လျော့ရမှာကို "
၀မ်ကောက အားနာစွာပြောတယ်။
"အင်း ကျွန်တော်သိပါတယ်
ခုအရမ်းနာနေလား "ရှောင်းကျန့်က ရိပေါ်ထိုးထားတဲ့ဒဏ်ရာတွေကိုဆေးထည့်ပေးနေတာ။ သူ့မျက်နှာကဖူးယောင်နေသလို ရိပေါ်လဲ မသက်သာလောက်ဘူးဆိုတာတွေးမိတော့ အမှတ်မရှိ စိတ်ပူမိသေးတဲ့ နှလုံးသားကို ရေနစ်သတ်ပစ်ချင်သွားတယ်။
၀မ်ရိပေါ်ရဲ့သတင်းက အခုဆိုအကုန်ပျံ့သွားပြီး သူ့ရဲ့ Image က လုံး၀ကျဆင်းသွားတော့တယ်။ ခုဆိုသူ့Fan ထဲမှာတောင် သူ့ကိုမကြိုက်တော့တဲ့သူနဲ့ ဆက်ကြိုက်သေးတဲ့သူ အချင်းချင်းရန်ဖြစ်နေကြတယ်။ Anti တွေအတွက်ကတော့ အခွင့်ကောင်းပေါ့။ ထိုးချရမဲ့အချိန်ရောက်လာတော့ ပျော်ပျော်ကြီးရေးကြတယ်။ မင်းသားတစ်ယောက်အနေနဲ့ ပြည်သူတွေရှေ့ ဒီလိုမလုပ်သင့်ဘူးပေါ့။တရုတ်မှာကBoy love ကိုတရား၀င် လက်ခံထားတာ မဟုတ်တော့ပိုဆိုးတော့တာ။ မင်းသား၀မ်ရိပေါ်က Gayတစ်ယောက်လား? ၀မ်ရိပေါ်ရဲ့ သုံးပွင့်ဆိုင်အချစ်ရေး ။ ၀မ်ရိပေါ် ပေါင်မုန့်ဆိုင်ထဲရန်ဖြစ် ။ သတင်းတွေမှစုံလို့ပဲ။ ၀မ်ကောရဲ့ဆိုင်လဲ လူတွေအုံလာတာကြောင့် ချက်ချင်းပိတ်ထားလိုက်ရတယ်။
"အာ့ နာတယ်
ဒီကောင်လေး တော်တော်လက်ဆပြင်းတာပဲ""ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကြောင့်ခုလိုတွေဖြစ်ရတာ။ကောကိုအရမ်းအားနာတာပဲ ။ ကျွန်တော်ဘာပြန်လုပ်ပေးရမလဲ "
သူ့ရှေ့မှာထိုင်နေတဲ့ ချစ်စရာကောင်လေးကို Wang Talu က မြတ်နိုးမှု့အပြည့်နဲ့ငေးမောတယ်။
"ခုဏ ပြောခဲ့တာတကယ်လား
ကိုယ်နဲ့ တကယ်လက်ထပ်မှာလား ""ဟာ ကောကလဲ သိသိရက်နဲ့ ...
သူစိတ်လျော့သွားအောင်တမင်ပြောလိုက်တာပါ ""ကိုယ်သိပါတယ်ကွာ ကိုယ်က စတာ "
Wang Taluက မျက်နှာချင်းဆိုင်ထိုင်နေရာမှ့ ရှောင်းကျန့်ဘေးသွားထိုင်လိုက်တယ်။
YOU ARE READING
Just Friend : After 10 years(Completed)
Fanfiction၀မ်ရိပေါ် ငါမေးပါရစေ...ငါကမင်းအတွက်ဘာလဲ ... ၀မ်ရိပေါ် ငါမေးပါရစေ...ငါကမင်းအတွက်ဘာလဲ ... Start Date -20.6.2021 End Date - 12.7.2021 #YiZhan