Part(7)

12.7K 1.2K 28
                                    

Unicode

ရှောင်းကျန့်က ၀မ်ရိပေါ်ကို အကြိမ်ပေါင်းများစွာ အကြောင်းအမျိုးမျိုးနဲ့စိတ်ဆိုးနေဖူးတယ်။ ဒါပေမဲ့ နောက်ကျမနေနိုင်တဲ့ သူကပဲ ပြန်သွားခေါ်ရတာပါပဲ။ တခါတလေဆိုသူစိတ်ဆိုးနေခဲ့မှန်းတောင် ၀မ်ရိပေါ်ကမသိလိုက်ပါဘူး ။ ရှောင်းကျန့်ကအမှတ်မကြီးတတ်တော့ ခဏနဲ့စိတ်ပြေတတ်လို့ ...ဒါပေမယ့် သူ့ရင်ထဲမှာတော့ အစိုင်အခဲသေးသေးလေးတွေက ဆူးတွေလိုတဖြည်းဖြည်းနဲ့စိုက်၀င်လာခဲ့တာ သူ့နှလုံးသားလေးက အဖာအထေးတွေနဲ့ပေါ့ ....

တစ်ခါတလေတော့လဲ ၀မ်ရိပေါ်ကသူ့ကိုချော့တတ်ပါသေးတယ်။ ‌

"ရှောင်းကျန့် မင်း Disneyland သွားချင်လား "

"သွားချင်တာပေါ့ "

"ငါလိုက်ပို့မယ်လေ "

"မင်းတကယ်ပြော‌နေတာလား"

မျက်မှန်အဝိုင်းလေးအောက်က မျက်လုံးကြည်ကြည်လေးတွေက ပျော်ရွှင်မှု့နဲ့ အရောင်ပိုတောက်လာတယ်။

"အင်း တကယ် "

"တိုကျိုကိုသွားရမှာပေါ့ "

"ဒီမှာ လေယာဉ်လက်မှတ်
မနက်ဖန်အတွက်ဖြတ်ထားတာ "

"ဟာ တကယ်ကြီး ...ဝိုး
မင်းကလဲကြိုလဲမပြောဘူး "

"ကြိုပြောစရာလား သွားမှာလားမသွားဘူးလားပြော "

"အင်း သွားမယ် သွားချင်တယ်
ညကျ ပါးပါးတို့ကိုပြောထားမယ် "

ရှောင်းကျန့်က ခုန်ပေါက်ပြီးပြောတယ်။ သူပျော်နေရင်နည်းနည်း ခုန်ဆွခုန်ဆွဖြစ်တယ်။ ရိပေါ်က ပြုံးပီးကြည့်နေတယ်။ ပြောပါတယ် ၀မ်ရိပေါ်က သိပ်အဆိုးကြီးမဟုတ်ပါဘူးဆို ။ အနာပေးလိုက် ဆေးပေးလိုက်နဲ့ ဒီဝဲဂယက်လေးထဲမှာ ရှောင်းကျန့်ကပျော်မွေ့နေတာပါပဲ။

သူတို့ရဲ့ ဂျပန်ခရီးစဉ်လေးက အရမ်းပျော်ဖို့ကောင်းခဲ့ပါတယ်။ အမှတ်တရတွေအပြည့်နဲ့ပေါ့ ။ဓာတ်ပုံတွေလဲ အများကြီးရိုက်ခဲ့တယ်။ အထူးအဆန်းမုန့်‌တွေလဲစားခဲ့တယ်။နှင်းလျောလဲအတူစီးခဲ့တယ်။ နေရာစုံလဲလည်ခဲ့တယ်။၀မ်ရိပေါ်ကြီးက အရမ်းကိုသဘောကောင်းနေတာပဲ။

Just Friend : After 10 years(Completed)Where stories live. Discover now