Part(16)

12.6K 1K 21
                                    

Unicode

"ဘယ်လိုလဲ ၀မ်ရိပေါ်နဲ့အခြေအနေ"

"ကောကလဲ ဘာအခြေအနေရမှာလဲ
ဘာမှဖြစ်စရာမရှိဘူး အဲ့ကောင်နဲ့ "

Wang Talu က ဆူပုပ်ပုပ်ကောင်လေးကို ကြည့်ရင်း..

"မင်း အဆင်ပြေရဲ့လား
သူကအနားမှာရှိနေတော့ "

"ဒီလိုပါပဲ အဲ့ကောင် ကိုယ့်ဒုက္ခကိုယ်လာခံတာလေ ။သူသိပ်ဖြစ်ချင်ခဲ့တဲ့ မင်းသားအလုပ်လဲ ခုမလုပ်တော့ဘူးတဲ့... ရူးသွားပြီလားမသိဘူး ။ သူလား ဒီမှာဘယ်လောက်မှ ခံနိုင်မှာမဟုတ်ဘူး ကြာလာရင် သူ့ဘာသာ အလုပ်ထွက်သွားလိမ့်မယ် ။တော်ပြီကောရာ သူ့အကြောင်းမမေးနဲ့တော့ အာရုံနောက်တယ် ...ဘာစားဖို့ရှိလဲ အကုန်စားမယ် "

"ငါပဲရှိတယ် စားမလား "

"အားး မစနဲ့ဗျာ "

"ဟားဟား "

***********************

" ရှောင်းကျန့် မင်း ဟို၀မ် ဘာဆိုလားနဲ့က
တကယ်တွဲနေတာလား "

"မင်းငါ့နောက်လိုက်ချောင်းနေတာလား "

"မဟုတ်ပါဘူး ငါကဒီတိုင်း ...."

"တွဲတွဲ မတွဲတွဲ မင့်အပူပါလား
စပ်စပ်စုစု ..."

ရှောင်းကျန့်က ဒီစကားကိုအရသာရှိရှိပြောလိုက်တယ်။ ၀မ်ရိပေါ်က မျက်နှာပျက်သွားတယ်

"မင်းသူ့ကိုတော့တကယ်မယူဘူးမလား "

"ငါလား မိန်းမယူရင်ယူမှာ .. သူကိုလဲယူချင်ယူမယ်။သူကငါ့ကို ဖွင့်ပြောထားပြီးသား ..."

"ငါ ..ငါကရော ..."

"မင်းက ငါ့သူငယ်ချင်းလေ... မဟုတ်ဘူးလား
F R I E N D ဖရန့် "

ရှောင်းကျန့်ကလေမှာ လက်ချောင်းလေးနဲ့စာရေးသလိုလုပ်ပြရင်းပြောတယ်။

"အခုတော့ မင်းကငါ့အတွင်းရေးမှူးပေါ့
အလုပ်ချိန်မှာအလုပ်မလုပ်ပဲ ငါ့နားပဲလာကပ်မနေနဲ့ သွားသွား အလုပ်သွားလုပ်တော့ "

ရိပေါ်က အလုပ်စားပွဲမှာပြန်ထိုင်လိုက်ပြီး ရှောင်းကျန့်ကိုခိုးကြည့်ရတယ်။ ရှောင်းကျန့်တကယ်ပဲ လက်ထပ်သွားရင်ကော ...သူဆက်မတွေးရဲတော့ဘူး။ အဘက်ဘက်က ဆုံးရှုံးမှု့တွေက သူ့ကို အသက်ရှူပေါက်မရှိအောင် ဝိုင်းရံထားတယ်...သူ့အတွက်မျှော်လင့်ချက်သေးသေးလေးတောင်မရှိနေဘူး။

Just Friend : After 10 years(Completed)Where stories live. Discover now