Part(10)

13.4K 1.2K 49
                                    

Unicode

ကားပေါ်ကဆင်းခဲ့ပြီး ရှောင်းအိမ်တော်ရှေ့ရောက်ခဲ့တယ်။ ပါးပါး ၊မားမား ၊ မိန်းတို့ကို လွမ်းတယ်။ သူအိမ်ကထွက်ခဲ့တာ ၄နှစ်တောင်ရှိပြီပဲ ။အကြာကြီး အဝေးက ငေးကြည့်နေပြီးမှ ပြန်လှည့်ထွက်ခဲ့တယ်။ သူ ပါးကို ရင်မဆိုင်ရဲသေးဘူး။

မရောက်တာကြာပြီဖြစ်တဲ့ ပေါင်မုန့်ဆိုင်လေးက အရင်အတိုင်းပဲ ...နာရီကိုကြည့်မိတော့ 11ကျော်နေပြီ ။ ဆိုင်ကပိတ်သွားပြီ။ မှန်အကြည်ပုံစံမို့ အထဲမှာမီးတော့လင်းနေတာကို မြင်နေရတယ် ။ ရှောင်းကျန့်က ၀င်ရမလိုမ၀င်ရမလို ဖြစ်နေတယ်။ ၀မ်ရိပေါ်ရဲ့ပိတ်ပင်မှု့တွေကြောင့် သူမှာ မိတ်ဆွေမရှိဘူး။ ဒီနေရာကိုပဲ သူလာတတ်တော့တယ်

"ရှောင်းလေး..."

"၀မ်ကော "

"တကယ်ကလေးလား မတွေ့တာကြာပီရော
ပိန်သွားတယ်နော် အထဲ၀င်လေ
ကိုယ် menu အသစ်အတွက်
မုန့်အသစ်တွေစမ်းလုပ်ကြည့်နေတာ
တော်သေးတာပေါ့ အပြင်ခဏထွက်မိလို့ မဟုတ်ရင်မင်းပြန်တော့မှာမလား "

ရေပက်မ၀င်အောင်တရစပ်ပြောနေတဲ့စကားမှာ ရင်းနှီးမှု့နဲ့ သံယောဇဉ်တွေကိုတွေ့ရတယ်။သက်တောင့်သက်သာရှိစေမယ့် စကားကိုပဲ၀မ်ကောကရွေးပြောသွားတယ်။ သူ့ဖုန်းကိုဘာလို့ blockထားတာလဲလို့တော့ သူမမေးခဲ့ဘူး....

"ထိုင်ဦး .. အတော်ပဲ ကိုယ်အစမ်းလုပ်ထားတဲ့အရသာအသစ် စားကြည့် "

ရှောင်းကျန့်ရှေ့မှာ ထောပတ်နံ့သင်းနေတဲ့ အရွယ်စုံပေါင်မုန့်တွေရောက်လာတယ်။ ရှောင်းကျန့်က သူ့အကျင့်အတိုင်းပဲ လက်နှစ်ဖက်နဲ့ ပလုပ်ပလောင်း ယူစားတော့တယ်။ မျက်ရည်ကျဖို့လဲသူမမေ့ဘူး။

"အရမ်းအရသာရှိတယ် ၀မ်ကော "

"အရသာရှိလွန်းလို့ မျက်ရည်တောင်ကျမိတယ် "

အရူးတစ်ယောက်လိုအော်ငိုရင်း အကုန်စားပစ်လိုက်ပြီးနောက် သူနည်းနည်းတည်ငြိမ်လာတယ်။ Wang Talu ကသူ့ကို နွေးထွေးတဲ့မျက်လုံးတွေနဲ့ ငြိမ်သက်ပြီး စောင့်ပေးနေခဲ့တယ်။

"ဘာဖြစ်လာလဲ မမေးတော့ဘူးလား"

"မမေးဘူး မင်းဘာဖြစ်ချင်လဲပဲ ကိုယ်မေးမယ်"

Just Friend : After 10 years(Completed)Onde histórias criam vida. Descubra agora