Part(9)

12.8K 1.2K 44
                                    

Unicode

"ဟေ့ ၀မ်ရိပေါ်ရဲ့ တောက်တိုမယ်ရလေး "

"ဗျာ ကျွန်တော့်ကိုပြောတာလား "

ဒီလောကမှာ အပြိုင်အဆိုင်တွေကပေါသေးတယ်။ ရိပေါ်နဲ့မတည့်တဲ့ ဒုတိယမင်းသားရဲ့ မန်နေဂျာမ့က သူ့ကိုလှမ်းရန်စတာ ။ ရိုက်ကွင်းစနေပြီမို့ မိတ်ကပ်ခန်းထဲ သူတို့နှစ်ယောက်ထဲရှိတယ်။ ဒီနေ့ရိုက်မှာ kiss scene ပါတယ်ကြားတာကြောင့် ရှောင်းကျန့်က ဒီမှာတစ်ယောက်ထဲ တိတ်တိတ်လေးလာပုန်းနေတာ။ သူသ၀န်တိုမိမှာစိုးလို့.....

"နင်နဲ့ငါပဲ ရှိတာ နင့်ကိုပြောတာပေါ့ "

"ဟုတ်.. ဘာလဲဟင်"

"ငါကြားပါတယ် နင်က Xiao Groupရဲ့ တဦးတည်းသော သားဆို ။ နင့်အဆင့်နဲ့ဟယ် ဘာကိစ္စ ၀မ်ရိပေါ်ရဲ့ခိုင်းဖတ်လုပ်နေတာလဲ နင်မရှက်ဘူးလား "

ရှောင်းကျန့်က ဒေါသကြောင့် တုန်ရီလာတယ်။

သူကပျော့ညံ့တာမဟုတ်ဘူး။ သည်းခံတတ်တာ ..သူက အားမနည်းဘူး အေးဆေးနေချင်တာပဲရှိတယ် ။ ဒီလို ရင့်ရင့်သီးသီး ပြောလာတော့ သူသည်းမခံနိုင်တော့ဘူး

"ခများနဲ့ဆိုင် လား "

"ဘာ "

"သူများကိစ္စတွေလိုက်စိတ်၀င်စား‌မနေပါနဲ့
လုပ်နေကျအတိုင်း ကိုယ့်မင်းသား အမြင့်ရောက်အောင်ဘယ်လိုကလိမ်ကကျစ်ကျရမလဲပဲစဉ်းစားနေစမ်းပါ"

ရှောင်းကျန့်က သူ့ကိုတွန်းတိုက်ပြီးထွက်သွားလိုက်တယ်။

************************

အောင်မြင်မှု့နဲ့အတူ နာမည်ကြီးလာတာက ၀မ်ရိပေါ်က ဘယ်လိုပွေတယ် ဆိုတဲ့သတင်းပဲ။ မင်းသမီးတွေတစ်ယောက်ပြီးတစ်ယောက်နဲ့ တွဲတယ်။ သူ့နောက်လိုက်နေတဲ့ သူ‌ဌေးသမီးတွေလဲ မရှောင်ဘူး

"၀မ်ရိပေါ် မင်းဘာလို့ဒီ‌လိုတွေ
ပွေရှုပ်နေတာလဲ "

"ငါ့ကိုဆုံးမမဲ့သူမှမရှိတာ ...ရခဲတဲ့လူဘ၀မှာကွာ ပျော်ပျော်လေးနေသင့်တယ်မဟုတ်လား ယုန်ငတုံးရဲ့ မင်းသိပ်မတုံးစမ်းနဲ့ "

ဆုံးမရင်ကော နားထောင်မှာမို့လား ...ရှောင်းကျန့်ကစိတ်ထဲကပြောလိုက်တယ်။

Just Friend : After 10 years(Completed)حيث تعيش القصص. اكتشف الآن