Part(13)

14.7K 1.2K 47
                                    

Unicode

"ငါဒီလိုမျိုးတောင်းပန်ပါတယ် ငါ့ကိုပစ်မသွားပါနဲ့ ။ ငါမှားပါတယ် ငါမှားခဲ့ပါတယ်နော်
ငါ့ကိုနောက်ဆုံးတစ်ခါလောက်တော့
အခွင့်အရေးပေးပါ "

ဒါဆယ်နှစ်တာကာလမှာ ရိပေါ်ကသူ့ကိုပထမဆုံးအကြိမ်တောင်းပန်ဖူးတာ ။ ရှောင်းကျန့်က သူ့ရှေ့ကလူကိုစိတ်ပျက်စွာကြည့်တယ်။ ဒီလူကို ဘာကြောင့်များ ဆယ်နှစ်တောင် ရူးသွပ်ခဲ့ပါလိမ့်လို့ စဉ်းစားမရဖြစ်နေတယ်။ အချစ်တွေက အဆုံးမရှိခဲ့ပေမဲ့ စိုက်၀င်ခဲ့တဲ့ ဆူးတွေကများလွန်းတဲ့အခါ ရှောင်းကျန့်ရဲ့နှလုံးသားက ခံစားချက်မဲ့ထုံကျင်နေပြီး နာကျင်မှု့ကိုတောင် မသိတော့။

"ထစမ်း၀မ်ရိပေါ် ...ငါမင်းကိုလက်စားချေနေတာမဟုတ်ဘူး။  ငါ့ဘာသာ အေးဆေးနေချင်ရုံလေးပါ။မင်းဘာလို့ဒီလောက်ထိ ဖြစ်နေတာလဲ။ မင်းအမြဲပြောခဲ့သလို ငါတို့က ...
ဒီတိုင်း .. သူငယ်ချင်းတွေပဲမလား ၊ သိပ် over တွေ မလုပ်စမ်းပါနဲ့
ငါ့ကားရှေ့က ဖယ်တော့ .."

ရှောင်းကျန့်က ရိပေါ်ကိုကျောခိုင်းလိုက်ပြီး ကားပေါ်ပြန်တက်ဖို့လုပ်တယ်။

"ငါမင်းကိုချစ်တယ် ရှောင်းကျန့် "

ဒီစကားကိုပြောရင် ရှောင်းကျန့်သူ့စီပြန်လာမယ်လို့ သူထင်နေတယ်။သူ‌ဒီစကားကို ဘယ်မိန်းမကိုမှတောင် မပြောခဲ့ဖူးဘူး ..ငါနဲ့တွဲမလားလို့ပဲပြောခဲ့ဖူးတာ....

ရှောင်းကျန့်က ခဏတော့ငြိမ်သွားတယ်။သူ့ဘက်ပြန်လှည့်လာပြီး သူ့ကို နားလည်ရခက်တဲ့ အကြည့်တစ်မျိုးနဲ့ကြည့်‌တယ်။  တဖြည်းဖြည်း ယုန်မျက်သွယ်လေးတွေက ကွေးကျသွားတယ် ။ သူကအသေအလဲ အော်ရယ်တော့တယ်။

"ဟားဟား ဟား ဟား ....
အမလေး သောက်ကျိုးနည်းဟာသကွာ ...
မင်းက ငါ့ကို ချစ်တယ် ...၀မ်ရိပေါ်က ငါ့ကိုချစ်တယ် ဟားဟား ငါမရယ်နိုင်တော့ဘူး ရယ်သေတော့မယ် ဟားးး"

"ရှောင်းကျန့် ငါတကယ်ပြောနေတာ
ကျေးဇူးပြုပြီး မလှောင်ပါနဲ့ "

"၀မ်ရိပေါ် ...မင်းကအချစ်ဆိုတာကို ဘယ်လိုနားလည်ထားလဲ ။ မင်းလိုကောင်က ပြောဖို့ထိုက်တန်တယ်လို့ ထင်လို့လား။ မင်းငါ့ကိုမချစ်ပါဘူး ရိပေါ်ရာ ...မင်းအခုငါ့ကိုအသည်းအသန်ဖြစ်ပြနေတာလဲ မင်းအနားအမြဲရှိတဲ့အရာတစ်ခု ရုတ်တရက်မရှိတော့လို့...မနေတတ်တော့ရုံလေးပဲ အချိန်တန်ရင် မင်းနေသားကျသွားမှာ ..ကျေးဇူးပြုပြီး ငါ့ကိုအလွှတ်ပေးပါတော့ ..."

Just Friend : After 10 years(Completed)Where stories live. Discover now