Part(8)

13.1K 1.2K 29
                                    

Unicode

အိမ်ကဆင်းခဲ့ပြီးနောက် ရှောင်းကျန့်က ၀မ်ရိပေါ်ရဲ့ကွန်ဒိုမှာလိုက်နေရတယ်။ ရိပေါ်ကအရင်လို တိုက်ခန်းသေးသေးလေးနဲ့နေလို့မရတော့ဘူး ။ နာမည်အရမ်းကြီးလာတာမို့ company ကထားပေးတဲ့နေရာမှာနေရတာ ...အရင်လိုအပြင်တွေ အတူလျောက်သွားလို့မရတော့ဘူး။ ၀မ်ရိပေါ်ဘယ်သွားသွား maskနဲ့ bodyguard နဲ့သွားရတယ်။ အချိန်တွေဘယ်လိုကုန်မှန်းတောင်မသိပါဘူး မိုးလင်း မိုးချုပ် ၀မ်ရိပေါ်နောက်တကောက်ကောက်လိုက်ရင်း ပျော်လိုက် ၊ ၀မ်းနည်းလိုက်နဲ့ နေရတာပါပဲ......

"ဟိုကောင်လေး "

ရိုက်ကွင်းက ဒါရိုက်တာကခေါ်တယ်။ ဒီဒါရိုက်တာက လက်ရဲဇက်ရဲနိုင်ပြီး မင်းသမီးတွေနဲ့ရှုပ်တယ်လို့နာမည်ကြီးတယ်။ ရှောင်းကျန့်က အနားသွားလိုက်တယ်။ ဒီလူက သူ့မျက်နှာကိုရဲတင်းစွာ လာကိုင်တယ်

"သေချာကြည့်တော့ မင်းက လူချောလေးပဲ
၀မ်ရိပေါ်ရဲ့ လက်ထောက်လား မင်းက...
မင်း.. မင်းသားမဖြစ်ချင်ဘူးလား "

ရှောင်းကျန့်က ရုန်းပစ်ချင်တယ် ဒါပေမဲ့ သူရုန်းလိုက်လို့ပြသနာတွေကြီးပြီး ရိပေါ်ရဲ့ရိုက်ကွင်း ထိခိုက်မှာစိုးတယ်။

"မဖြစ်ချင်ဘူး ကျွန်တော့်ကိုလွှတ်ပေး ဒီလိုတွေမကိုင်ပါနဲ့မကြိုက်ဘူး ..."

"ဟက် အစွာလေးပဲ ... မင်းသာကိုယ့်စကားနားထောင်ရင်ကိုယ်မင်းကို မင်းသားဖြစ်အောင် လုပ်ပေးလို့ရတယ်နော် "

"သူ့ကိုလွှတ်စမ်း ..."

"ရိပေါ် ..."

"ရှောင်းကျန့် မင်းသွားတော့ "

၀မ်ရိပေါ်က အော်တယ်။ အရမ်းစိတ်ဆိုးနေသလိုပဲ ...
ရှောင်းကျန့်က နေရာကမပြေးရုံတမယ်ထွက်သွားတယ်။

"ဘာလဲ ၀မ်ရိပေါ်၊ ငါက မင်းလက်ထောက်လေးကို ဒီတိုင်း စနေတာပါ ဟဟ သူကချစ်တော့ချစ်စရာလေးနော် "

"သူက ကျွန်တော့်လူ..."

၀မ်ရိပေါ်က အေးစက်စွာပြောတယ်။ဒါရိုက်တာရဲ့အကျီကော်လံကို ဆွဲကိုင်ထားတယ်။ရှောင်းကျန့်ကို သူပဲစိတ်ကြိုက်နိုင်စားရင်နိုင်စားမယ် ။ တခြားသူထိတာလုံး၀မကြိုက်...ထိတာမပြောနဲ့ စေ့စေ့စိုက်ကြည့်တာတောင် မကြိုက်ဘူး...

Just Friend : After 10 years(Completed)Où les histoires vivent. Découvrez maintenant