Part (12)

15K 1.2K 99
                                    

Unicode

လေဆိပ်မှာ ၀မ်ရိပေါ်က နာရီကိုတကြည့်ကြည့်ဖြစ်နေတယ်။ ရှောင်းကျန့်က တမနက်လုံး ပေါ်မလာတဲ့အပြင် ဖုန်းလဲဆက်မရ ...မက်ဆေ့တွေပို့လဲ မကြည့်ဘူး ...
ရှောင်းကျန့်ရဲ့ phone locationကို checkကြည့်တော့ အရင်လိုကြည့်လို့ မရတော့။ ဖုန်းပိတ်ထားတာလား သူထည့်ထားတဲ့ခြေရာခံစနစ်ကို ဖျက်ထားတာလားမသိ။

"အချိန်ကျနေပြီ ရိပေါ် တက်ကြရအောင်"

မန်နေဂျာကျန်းကပြောတယ်။

"ခဏစောင့်ပါဦး ရှောင်းကျန့်မှမလာသေးတာ "

"၀မ်ရိပေါ် အရမ်းနောက်ကျနေပြီ လေယာဉ်ထွက်တော့မယ်။ သူလာရင်နောက်တချိန်းနဲ့ လိုက်ခဲ့ခိုင်းလို့ရတာပဲလေ "

ရိပေါ်က အကြာကြီးစောင့်နေပေမဲ့ ရှောင်းကျန့်ကပေါ်မလာ။ နောက်ဆုံး လေယာဉ်ပေါ်တက်လိုက်ရတယ်။ လေယာဉ်စထွက်တဲ့ တစ်ချိန်လုံး ဝမ်ရိပေါ်က ဂနာမငြိမ်တော့ ။ အမြန်ရောက်ဖို့ပဲ ဆုတောင်းနေတော့တယ်။
ရှောင်းကျန့် ဖုန်းကိုင်ရဲကိုင်ကြည့် အသေဆူပစ်မယ်လို့ တေးထားလိုက်တယ်။

*************************

ရှောင်းပါးက ရှောင်းကျန့်ကို ဆက်ခံသူအဖြစ်တရား၀င်ကြေညာခဲ့တယ်။ ရှောင်းကျန့်ကခုဆို Xiao group မှာအလုပ်စလုပ်နေပြီ။  ရှောင်းကျန့်က ဘယ်သူမှ့ထင်မထားလောက်အောင် လုပ်ငန်းမှာအကွက်မြင်တတ်ပြီး ထက်မြက်တာကြောင့် company ရဲ့ရှယ်ယာဈေးတွေလဲ ၆လအတွင်း ပိုတက်လာတယ်။ နွံထဲက ပတ္တမြားလေးက အချိန်တန်‌တော့လဲ အကောင်းဆုံးတောက်ပလာခဲ့ပြီဖြစ်တယ်။

ဒီ၆လအတွင်း ရှောင်းကျန့်က ၀မ်ကောရဲ့ပြုပြင်ပေးမှု့မှာ နေသားကျလာခဲ့ပြီး သူ့အတွက် ကမ္ဘာသစ်တစ်ခု ပြန်ပိုင်ဆိုင်နိုင်လာတယ်။ အရင်ကပျော့ညံ့တဲ့ ၊ အချစ်ကိုကိုးကွယ်တတ်တဲ့ ငတုံးလေးရှောင်းကျန့်က မရှိတော့ဘူး။ ကိုယ့်တန်ဖိုးကိုယ်သိပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု့အပြည့်နဲ့ ရှောင်းကျန့် ဖြစ်လာခဲ့ပြီ။နှစ်ပေါင်းများစွာ ဖမ်းဆုပ်လာခဲ့တဲ့ အချစ်တစ်ခုကို လွှတ်ချလိုက်တဲ့အခါမှာ သူဟာ အရမ်းကိုပေါ့ပါးသွားပြီး လွတ်လပ်မှု့ကိုစတင်ခံစားလာရပြီ။ ရှောင်းကျန့်က လုံး၀ကို တခြားတစ်ယောက်လို ပြောင်းလဲသွားခဲ့တယ် ....

Just Friend : After 10 years(Completed)Where stories live. Discover now