Part(15)

13.3K 1.1K 20
                                    

Unicode

ရှောင်းကျန့်က ၀မ်ရိပေါ်ကိုအလုပ်မထုပ်တော့ဘူး။ ကိုယ့်ဘာသာအလုပ်ထွက်ချင်လာအောင်ပဲ နည်းမျိုးစုံနဲ့ပညာပြတော့တာ ...တနေ့တနေ့သူ့ရဲ့မဆီလျော်တဲ့ မတရားအလုပ်ခိုင်းတာတွေကို၀မ်ရိပေါ်က အလူးအလဲခံနေရပါတယ်။ ခုလဲဘာထပ်ခိုင်းအုမ်းမယ်မသိ ...

"ရော့ ဒီလချုပ်စာရင်းတွေမှန်မမှန် ဒီနေ့အပြီးစစ်ပေး"

ရှောင်းကျန့်ကသူ့စားပွဲရှေ့ရပ်နေတဲ့ ၀မ်ရိပေါ်ကိုဖိုင်တထပ်ပစ်ပေးလိုက်တယ်။

"ဟင် တနှစ်စာလုံးစာရင်းတွေ
တရက်ထဲဘယ်လိုပြီးမှာလဲ "

"မင်း မလုပ်နိုင်ဘူးလား မလုပ်နိုင်ရင်ထွက်လေ ။ဘယ်သူမှအတင်းခေါ်မထားဘူး
အင်းပေါ့လေ ကင်မရာရှေ့ ပို့စ်ပေးဖို့လောက်ပဲမင်းတတ်မှာပေါ့ ။ ဒါတွေဘယ်လုပ်နိုင်ပါ့မလဲ။ခုနေအမြင်မှန်ရရင်လဲ မှီပါသေးတယ်..."

ရှောင်းကျန့်က မခိုးမခန့်ရယ်ရင်းပြောတယ်။ ဝမ်ရိပေါ်ကဖိုင်တွေအကုန်ယူလိုက်တယ်။

"ဘာလို့မလုပ်နိုင်ရမှာလဲ ငါဘယ်လောက်ဉာဏ်ကောင်းလဲမင်းသိပါတယ်.... "

"ပြီးတော့.....ပို့စ်ပေးဖို့လောက်ပဲငါတတ်တာမဟုတ်ဘူး တခြားဟာတွေလဲတတ်သေးတယ် ဘယ်လိုလဲသိချင်လား"

ရိပေါ်က စားပွဲကိုလက်နှစ်ဖက်ထောက်ပြီး ငုံ့လိုက်တာမို့ ‌ထိုင်နေတဲ့ ရှောင်းကျန့်ကို အပေါ်စီးက အုပ်မိုးထားသလို ဖြစ်သွားတယ်။ အရင်တုန်းကစိတ်နဲ့ဆို ဒီလိုအနေအထားမှာ ယုန်လေးက ဖိုးသိုးဖတ်သတ် ရင်တွေဆောင့်ခုန်လို့ ဆေးရုံတောင်ရောက်နေလောက်မှာ ။အခုတော့ရှောင်းကျန့်က သူ့ကိုငုံ့မိုးကာ ကြည့်နေတဲ့  ရိပေါ်မျက်နာအနား ခေါင်းကိုမော့လို့ ပိုနီးအောင်ကပ်လိုက်တယ်။

တစ်ယောက်အသက်ရှူတဲ့လေတောင် တစ်ယောက်ပါးပေါ်ခံစားမိ့နေတဲ့အနေအထား ....

၀မ်ရိပေါ်က ထင်မထားတာမို့ တောင့်တောင့်ကြီး ဖြစ်သွားတယ်။ သူကရှောင်းကျန့်အရင်လိုပဲ ရှက်သွားမယ် ထင်နေတာ။

"ပြောကြည့်လေ .."

နားနားကပ်ပြောတဲ့ ရှောင်းကျန့်ရဲ့ဆွဲငင်ငင်အသံမှာ ၀မ်ရိပေါ်ရဲ့လည်ဇလုပ်က အထက်အောက် ရွေ့လျားသွားတယ် (တံတွေးမျိုချလိုက်တာ)

Just Friend : After 10 years(Completed)Where stories live. Discover now