Part(17)

12.9K 1K 10
                                    

Unicode

ရှောင်းကျန့်က ရေချိုးလိုက်ပုံရတယ်။ ဆံပင်တွေ စိုနေပြီး လည်ပင်းမှာလဲရေစက်တစ်ချို့တွဲခိုနေတယ်။ bathrobe တထည်၀တ်ထားပြီး ခါးမှာကြိုးခပ်လျော့လျော့လေးချည်ထားတယ်။ ခါးသွယ်သွယ်လေးက ထင်းနေပြီး ရင်ဘတ်က ခပ်ဟိုက်ဟိုက်ဖြစ်နေတယ်။

မသပ်မရပ်ပုံစံနဲ့ ဆံပင်တွေ ရှုပ်ပွနေပြီး မျက်လုံးတွေပါ နီရဲနေတဲ့ ရိပေါ်ကိုမြင်တော့ အေးအေးဆေးဆေးပဲ ပြုံးကာ ကိုယ်ကိုဘေးစောင်းပေးတယ်။ ရိပေါ်က အထဲကို ခပ်တည်တည်၀င်လိုက်ပြီး အကုန်လိုက်ကြည့်တယ်။

"ဘယ်ရောက်သွားတာလဲ "

"ဘာရှာနေတာလဲ ၀မ်ရိပေါ် "

"ဟိုတစ်ယောက်ကော "

"အစကတည်းက ဒီကို ပါမှမပါလာတာ ..."

"မင်း ! ...."

ရှောင်းကျန့်က ကြောင်ကကြွက်ကိုဆော့ကစားရလို့ကျေနပ်နေတဲ့အပြုံးမျိုးနဲ့ ရိပေါ်ကိုကြည့်နေတယ်။

"မင်းငါခံစားရအောင် သက်သက်လုပ်တာမလား "

"မင်းက ခံစားတတ်တယ်ပေါ့ ..."

"ရှောင်းကျန့် ငါ ဘယ်လောက်ကြောက်နေခဲ့လဲမင်းသိလား ဟူးးးး မင်းကွာ "

ရေချိုးပြီးကာစမို့ အေးနေတဲ့ကိုယ်လေးကို အတင်းဆွဲပွေ့ဖက်ထားလိုက်တယ်။ ရှောင်းကျန့်က အေးစက်စက်ရယ်လိုက်ရင်း အသာအယာတွန်းဖယ်လာတယ်။

"ခုဏကလေ ဘာမှမဟုတ်ဘူးသိလား ...ငါသူ့ကိုသိတောင်မသိဘူး။ ငါ့ fan ဆိုပြီးအတင်းလာဖက်တာ ငါ့ကိုယုံပါကွာ "

"ထိုင်ပါဦး မင့်ကြည့်ရတာပူလောင်လိုက်တာ ဟိုးးအရင်က ငါ့ကိုယ်ငါပြန်မြင်နေရသလိုပဲ "

ဝမ်ရိပေါ်က မျက်နှာပျက်သွားတယ်။

"ငါတောင်းပန်ပါတယ် တကယ်စိတ်ရင်းနဲ့ပါ
ငါအခု တကယ်နောင်တရနေပါပြီကွာ "

"မင်းလက်ကို ရေသွားဆေးလိုက်ဦး
မင်းသွေးတွေ ငါ့ကိုပေကုန်ပြီ
ဘာတွေရိုက်ခွဲခဲ့တာလဲ ဆေးထည့်ပေးစရာတော့ဒီမှာဘာမှမရှိဘူးနော်။ ရှိလဲမထည့်ပေးချင်ဘူး "

Just Friend : After 10 years(Completed)Where stories live. Discover now