Part 11

2.5K 223 12
                                        

🌚🌚🌚
ပြည့်ကျပ်နေသော Schedule တွေကြားထဲ ပြေးလွှားလှုပ်ရှားရသည်မှာ တစ်ပတ်ခန့်ရှိပီ....Jungkook နှင့်မတွေ့ရသည်မှာလဲ ထိုမျှပင်ဖြစ်၍ လွမ်းလှပီ.....

သူ့အတွက်နားချိန်သီးသန့်ဖယ်ထားသည့် နားချိန်လေးကို ချစ်သူလေးကိုတွေ့ချင်ဇောဖြင့် မနားတော့ပဲ Manager hyung မသိအောင်လစ်ထွက်လာခဲ့သည်....

ကံဆိုးချင်တော့ အပေါက်ဝအရောက် Namjoon hyung က ဆီးကြိုပီး အခေါက်ခံရလေသည်....Namjoon hyung နှင့်ကွယ်နေ၍ နောက်ကပါလာသော အမျိုးသမီးကိုမမြင်ရ....အထဲဝင်လာမှ Taehyung အမေ Mrs.Kim ဖြစ်နေပြန်တော့...အံ့ဩမိသား....

" aww....Jimin....နားချိန်ကို သေချာရွေးလာခဲ့တာ...Sorry ကွာ...အလုပ်ကိစ္စဆိုတော့ Noona ကိုပါတခါထဲခေါ်လာခဲ့တယ်....အဆင်ပြေတယ်မဟုတ်လား "

" ပြေပါတယ်...Taehyung အမေပဲဟာ...ပီးတော့ Entertainment ရဲ့အများဆုံးရှယ်ယာရှင်တစ်ယောက်က ကျနော့ဆီရောက်လာတယ်ဆိုတာတော့ ထူးဆန်းမိတယ်....ဘာအရေးကြီးလို့လဲHyung..."

" ကိစ္စက ဒီလိုJiminie....အပြင်မှာရော အနုပညာအသိုင်းအဝိုင်းမှာပါ မင်းနဲ့ Jungkook အကြောင်းက ပြန့်နေပီ...ဒီတိုင်းကြာကြာထားရင် မင်းနာမည်ကျသွားလိမ့်မယ်...Hyung ဖြစ်စေချင်တာကတော့..."

" မဖြစ်နိုင်ဘူး Hyung...ကျနော်Jungkook နဲ့ လမ်းခွဲမပေးနိုင်ဘူး...."

" မဟုတ်ဘူး Jiminie...Hyung ပြောတာက ခဏလောက် လမ်းခွဲပေးဖို့ပြောတာ...သတင်းတွေငြိမ်သွားရင် ပြန်တွဲကြပေါ့...Hyung ညီလေးကို စိတ်မဆင်းရဲစေချင်ပေမယ့် သတင်းတွေကြောင့် မင်းကိုထိခိုက်မှာစိုးတယ် Jimin...ပီးတော့ Jungkook လဲ အပြောခံနေရတာ ရစရာမရှိဘူးကွ "

ရောက်လာတည်းက စကားမပြောသော အမဖြစ်သူထံမှ ထွက်ကျလာသော စကားနှင့်ပုံတစ်ထပ်ကြီးက
Namjoon ကိုဆွံ့အသွားစေသည်

" Namjoon...Noona ကိုအပြင်ကစောင့်ပေးမလား...Noona ဆက်ပြောလိုက်မယ်...ပီးတော့ သူနဲ့ရှင်းစရာလေးရှိလို့ "

" မဟုတ်....Noona ဘာတွေလုပ်မလို့လဲ....Jiminie က ကျနော်ချစ်ရတဲ့သူရဲ့ညီလေးဆိုတာတော့ Noona ထည့်စဉ်းစားပေးပါအုံးဗျာ "

Ms.Kim ​၏ အကြည့်တချက်တွင် ငယ်စဉ်ကတည်းက ကြောက်ခဲ့ရသူပီပီ တွန့်သွားပေမယ့် ကိုယ့်ညီလေးလိုချစ်ရသော ကောင်လေးကို ကာကွယ်ပေးရမည်မို့....

JOURNEY TO LOVEWhere stories live. Discover now