Jimin training အပီးအိမ်ပြန်ချင်ပေမယ့်......
" Jimine....မနက်ထဲက ဘာမှမစားရသေးဘူးမလား...Hyung ဆိုင်ကောင်းကောင်းလေးတွေ့ထားတယ်....Jiminie သဘောကျမှာ...သွားစားကြရအောင်နော် Jiminie...."
" Hyung....ကျနော်စားချင်စိတ်မရှိသေးဘူး...."
" မဖြစ်ဘူးလေ...Fan လေးတွေအတွက် အလုပ်တွေဆက်လုပ်ဖို့ အားရှိမှဖြစ်မှာပေါ့...Hyung အာမခံတယ်...အဲ့ဆိုင်ရောက်ရင် စိတ်ညစ်တာတွေ တဝက်သက်သာသွားလိမ့်မယ်...."
" အင်းပါ....hyung ဒီလောက်ညွှန်းနေမှတော့ လိုက်ခဲ့ပါ့မယ်ဗျာ...."
ဒီလိုနဲ့ မန်နေဂျာNa ခေါ်ဆောင်ရာစားသောက်ဆိုင်လေးရောက်တော့ ညွှန်းသည့်အတိုင်း သစ်ရိပ်ဝါးရိပ်ကလေးနှင့် တသွင်သွင်စီးဆင်းနေသော စမ်းချောင်းလေးက စိတ်အမောပြေစေသည်သာ....
ကျေးငှက်အစုံတို့ကိုလဲ တောအုပ်လေးထဲတွင်လွှတ်ထားသေးသည်...စားသောက်ဆိုင်ပိုင်ရှင်တို့ဖန်တီးထားသော ဝန်ဆောင်မှုလေးက လာရောက်စားသုံးသူအပေါင်းကို စိတ်ကြည်နူးစေသည်မှာတော့ ငြင်းမရ....
ဘယ်ဘဝအဆက်ဆက်က အငြိုးတွေပါလိမ့်....မမြင်ချင်သော မျက်နှာက ရှေ့တော်မှောက်ဆိုက်ဆိုက်မြိုက်မြိုက်ပင် ပေါ်လာပြန်သည်....ပီးတော့ Jimin ကြားသာအောင်ပင် ခနဲ့လိုက်သေးသည်...
" လေထုက ဘာလို့မသန့်သလိုခံစားနေရပါလိမ့်....လူကြီးမင်းတို့ဆိုင်ပြောင်းကြမလား....ကျမတခြားနေရာလိုက်ကျွေးပါ့မယ်...."
" လေထုလေးရော ရာသီဥတုလေးရော သာယာပါတယ် Ms.Kim ရဲ့.....တခြားတွေသွားဖို့ ကျနော်အချိန်မလောက်လောက်ဘူးMs.Kim...."
" ဟုတ်ပါပီ....ရှင်...အဲ့တာဆိုလဲ ဒီမှာပဲထိုင်ကြတာပေါ့...ကြွပါရှင့်...."
ပြောနေရင်း စိုက်ကြည့်နေသော Jimin ကို ရွံစရာသတ္တဝါတစ်ကောင်လို ကြည့်သွားသေးသည်...
စိတ်ရှိလက်ရှိသာဆို Kim Yumi ရဲ့ပါးစပ်ကြီးကို Jimin ဆွဲဖြဲပီး နောက်ပြောအုံးမလားဟုပင် မေးလိုက်ချင်သည်....သို့သော် တကယ်တမ်းလုပ်ဖြစ်သည်က အလွတ်ရနေသော နံပါတ်ကိုကောက်နှိပ်လိုက်ပီး....." Taehyung ah....အခုအားလားဟင်...."
" Hyung....ဘာလို့လဲ...ကျနော်တောင်ညကို သောက်ကြဖို့ ဖုန်းခေါ်မလို့...ကျန်တဲ့သူတွေကတော့ လာခဲ့မယ်တဲ့...."
YOU ARE READING
JOURNEY TO LOVE
Romanceအချစ်ဆိုတာ အမြဲမချိုမြိန်နိုင်ပေမယ့် ခါးသက်သက်အရသာကို တကယ်ချစ်တတ်သူတိုင်း ရူးသွပ်စွဲလမ်းကြတာ လောကနိယာမတစ်ခုလို့ပြောရင် ယုံကြမလား