ဘာလိုလိုနဲ့ ဆုပေးပွဲရက်ကို ရောက်ရှိခဲ့ပီ....Jimin ရော Jungkook ရော Nominee ဝင်ကြ၍ VIP ခုံတန်းတွင် နေရာရခဲ့သည်...Camera ပေါင်းစုံရှေ့ တစ်ယောက်နဲ့တစ်ယောက်ဘေးကပ်လျှက်အနေအထားတွင် အတော်အနေကျပ်ခဲ့သည်....
အနှစ်နှစ်အလလ တည်ဆောက်လာခဲ့သော နှစ်ကိုယ်ကြားဘာသာစကားဖြင့်....
" ကိုကိုရာ...ရယ်ချင်စိတ်ကို မနဲထိန်းနေရတယ်...ခွိခွိ... ကိုကို့မျက်နှာကြီးကလဲ ရယ်ချင်စရာကြီး..."
" Kookie...Hyung လို့ခေါ်ပါဆို...ဒီကလေး Lip sync ဖတ်တတ်တဲ့သူဆို ဒုက္ခရောက်တော့မှာပဲ...."
" စိတ်မပူပါနဲ့ ကိုကိုရယ်...မောင်တို့ပဲသိတဲ့ ဘာသာစကားမဟုတ်ဘူးလား..."
" ကဲ ပြောလေကဲလေ...အရင်လို စကားနားထောင်တဲ့ကလေးလေးက မိုးပေါ်ပျံသွားပီလား...."
MCထံမှ ဆုကြေငြာစဉ်မှာတော့ နှစ်ယောက်သားမတိုင်ပင်ပါပဲ တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်မိလျှက်သား....သတင်းထောက်တွေကလဲ အလွတ်မခံ...Record ယူထားပီးသား အချိန်ကိုက်ပင်....
ထို့နေ့က Jimin က အမျိုးသမီးအဆိုတော်တစ်ဦးနှင့်တွဲဆိုထားသောDuet Song ဖြင့် ဆုရခဲ့ပီး Jungkook က မျက်နှာသစ်အဆိုရှင်ဆု ရရှိခဲ့သည်....
-------------
Taehyung ရုံးမှပြန်လာတာနှင့် ရေမိုးချိုးပီး Sunshine လေးကို သန့်ရှင်းရေးလုပ် လက်သည်းခြေသည်းညပ်ပေးနေရင်း ဆုပေးပွဲကို Live ကြည့်နေသည်...." Sunshine လေးရဲ့ ညီအငယ်ဆုံးလေး ဒီနှစ်ဆုရတယ်....အသဲလေးရဲ့ ချင်းဂူးကတော့ Unit song နဲ့ ဒီတစ်နှစ်လဲ ဆုတွေသိမ်းလိုက်ပြန်ပီ....
ကိုယ့်အသဲလေးက ခုထိပြန်မလာသေးဘူးလားကွာ....ကိုယ်ဒီလိုချိန်ဆို ပိုပီးသတိရတယ်...ကိုယ်ကဘယ်လောက်ကြာကြာစောင့်နိုင်ပေမယ့် Sunshine လေးဝါသနာပါတဲ့ လေယာဉ်မောင်အလုပ်က အသက်အကန့်သတ်ရှိတယ်လေ....မြန်မြန်ပြန်ခဲ့ပါတော့ Sunshine လေးရယ်...."Hoseok လက်ဖမိုးပေါ် မျက်နှာလေးအပ်ပီး လွမ်းသမျှ မျက်ရည်တို့ကို လွှတ်ချမိစဉ် သူ့ကမ္ဘာကြီး သိမ့်ခနဲတုန်သွားသည်....တိတိပပညပ်ပေးထားသော လက်သွယ်သွယ်လေးရဲ့ ပထမဆုံးအဆစ်လေး လှုပ်ရှားသွားရုံ...ထိုခဏလေးအတွင်း သူ့ကမ္ဘာကြီး ရောင်နီလာတော့မည့် ခံစားမှုမျိုး....
![](https://img.wattpad.com/cover/274266947-288-k934655.jpg)
YOU ARE READING
JOURNEY TO LOVE
Romanceအချစ်ဆိုတာ အမြဲမချိုမြိန်နိုင်ပေမယ့် ခါးသက်သက်အရသာကို တကယ်ချစ်တတ်သူတိုင်း ရူးသွပ်စွဲလမ်းကြတာ လောကနိယာမတစ်ခုလို့ပြောရင် ယုံကြမလား