Jungkook ပွဲနေ့ရောက်တော့ သူငယ်ချင်းတစ်စုလူစုံနေပီ....မျှော်နေရသူလေးကတော့ ရောက်မလာသေးချေ...စီနီယာအကိုအမများ ဖျော်ဖြေအပီး သူ့အလှည့်....လှုပ်ရှားနေသည့်စိတ် ပြေလိုပြေငြား ချစ်ရသူကမ္ဘာငယ်လေးကို စင်အောက်လိုက်ရှာတော့ မတွေ့.....
အားတင်းရင်းနဲ့ပဲ ရှေ့ဆက်ဖျော်ဖြေခဲ့သည်....ကြိုးစားမှု ဆုံးရှုံးခဲ့ရသောတန်ဖိုး ချစ်သူကိုလွမ်းဆွတ်ရသော သေလုမျောပါးအချိန်တွေအတွက် အဖိုးအခအဖြစ် ပရိသတ်တွေဆီက သောင်းသောင်းဖျဖျ အားပေးသံများ ကွင်းလုံးညံခဲ့သည်.....
" Jeon Jungkook.....Jeon Jungkook...
Golden Maknae ကွ........ဖြောင်းဖြောင်းဖြောင်း....."အပျော်တွေက ကြာကြာမခံခဲ့....Taehyung တို့ကို ကြည့်လိုက်တော့ အားလုံးရဲ့မျက်လုံးအိမ်ထဲ မျက်ရည်များဝဲလျှက်....စင်နောက်အမြန်ပြေးဆင်းပီး ဘာဖြစ်တာလဲ မေးရသည်....
" Taehyung nah....Yoongi yah....ဘာလို့ငိုနေကြတာလဲကွာ....ငါ့ကိုစိတ်မချမ်းသာအောင်လို့...."
" မဟုတ်ပါဘူးကွာ....မင်းအစားဝမ်းသာလွန်းလို့ ကျတဲ့မျက်ရည်ပါ...."
Suga လဲမျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်လိုက်ပီး...
" မင်းပွဲကပီးတော့မှာလား....နောက်ထပ်ထပ်ဆိုရအုံးမှာလား...."
" အေး.....အပိတ်တစ်ပုဒ်တော့ Senior တွေနဲ့တူတူဆိုရအုံးမှာ....အဲ့ဒါပီးရင်တော့ ပီးပီ....နက်ဖြန်ညနေမှ Dinner party တက်ရမှာ....
Jimin hyung ရော ငါတို့အိမ်ကလူတွေရော မတွေ့မိသေးဘူး....မင်းတို့ပွဲထဲမှာတွေ့ကြသေးလား...."Emotional အရမ်းဖြစ်လွယ်သော Hoseok လဲ ငိုသံပါကြီးနဲ့ ....
" သူတို့က နောက်ကျမယ်လို့ပြောကြတယ်ကွ....ခဏနေ...အီးဟီး....ခဏနေလာမှာပါ....."
" Hoseok hyung.....ဘာဖြစ်နေတာလဲဗျာ....ကျနော့်ကိုစိတ်ပူအောင် မလုပ်ကြနဲ့နော်....အိမ်ကလူတွေ ဘယ်သူဘာဖြစ်လို့လဲ....ဟင်....စိတ်ပူလိုက်တာဗျာ...."
" ကျနော့အသဲလေးကလဲ ဝမ်းသာလွန်းတာနဲ့ပဲ အဲ့လောက်ငိုရလား....Jungkookie နာမည်ကြီးလာလဲ ယောင်းငယ်တို့ကိုမေ့မသွားပါဘူး အသဲလေးရယ်.....မငိုနဲ့တော့....တိတ်တိတ်...."

YOU ARE READING
JOURNEY TO LOVE
Romanceအချစ်ဆိုတာ အမြဲမချိုမြိန်နိုင်ပေမယ့် ခါးသက်သက်အရသာကို တကယ်ချစ်တတ်သူတိုင်း ရူးသွပ်စွဲလမ်းကြတာ လောကနိယာမတစ်ခုလို့ပြောရင် ယုံကြမလား