Journey to Love
Part 1
ခမ်းနားလှသော Jeon စံအိမ်ကြီးထဲတွင် တူညီဝတ်စုံများအစီအရီ....လှုပ်ရှားနေကြသလို....အမိန့်ပေးနေသော အိမ်ထိန်းကြီးမှာလဲ....နေ့စဉ်အလုပ်တစ်ခုဖြစ်သော...အိမ်ကြီးရှင်သခင်လေးကိုနှိုးရပေအုံးမည်...
အိမ်ထိန်းကြီးအဖို့....အိမ်ကြီးရှင်လေးကိုနှိုးရမည်ထက် ကျားဖင်သာပြေးဆွဲလိုက်ချင်သည်" သခင်လေး....Jungkook.....မနက်ကျောင်းသွားဖို့ထရပါတော့မယ် "
နှိုးနေရင်းဝဲပျံလာသော ခေါင်းအုံးတစ်လုံး....ကြာကြာနေရင် နှိုးစက်နာရီကအစ ပန်းအိုးအဆုံးပါလာမည်ကို သိနေသောကြောင့်....
" သခင်ကြီးမနက်စာစားဖို့စောင့်နေပါတယ်....မြန်မြန်လုပ်ဖို့လဲမှာလိုက်ပါတယ်သခင်လေး "
နားနှစ်ဖက်ကိုပိတ်ပီးအိပ်နေသော အိမ်ကြီးရှင်လေးထံမှ....အသံတိုးတိုးထွက်လာသည်
" ဟား နားညည်းလိုက်တာဗျာ....မစောင့်နိုင်ရင် မစောင့်နဲ့လို့....ကိုယ့်မိန်းမနဲ့ကိုယ် စားနှင့်လို့ "
" သ....သခင်လေး....."
" မသွားသေးဘူးလား....တွေ့ရာနဲ့ကောက်ပေါက်လိုက်လို့....သွားပြောချည်လေ "
" ဟုတ်.....ဟုတ်ကဲ့သခင်လေး "
Jungkook လဲအိပ်ရာထဲတွင်....ပေကပ်အိပ်နေလိုက်ပြန်သည်......ခဏအကြာ တံခါးခေါက်သံနှင့်အတူဝင်လာသော ခြေသံသေးသေးတစ်ခုကြားလို့ နားစွင့်ကြည့်မိတော့....အရှုပ်ထုပ်သူငယ်ချင်းနှစ်ကောင်.....
" ဟိုးထားဆရာ.....ကျနော်မျိုးတို့သခင်လေးကိုအိပ်ရာလာနှိုးတာပါခင်ဗျ.....ထတော်မူပါတော့ဗျ "
" Jungkook ထကွ....ကျောင်းနောက်ကျလိမ့်မယ်....ဒီနေ့မနက်သင်မယ့် lecture က အရေးကြီးတယ်ကွ "
ဒီစကားက ပုလင်းဖင် MinYoongi ၏ လက်သုံးစကား....စံပြကျောင်းသားများဖြစ်သော Taehyung နှင့် Yoongi မှာတော့ ကျောင်းသွားဖို့ တာဆူနေသလို.....ကျောင်းသွားဖို့ကုပ်နဲ့ကော်ထုပ်ရတဲ့ထိ ပျင်းသော Jungkook တို့မှာ....ဘယ်လိုပေါင်းမိသွားလဲပင်မသိတော့....တစ်ယောက်နှင့်တစ်ယောက် သိပ်ချစ်ကြသည့် Friendship လေးက...ထာဝရခိုင်မြဲနေမည်လား မည်သူမျှမသိနိုင်တော့ချေ
![](https://img.wattpad.com/cover/274266947-288-k934655.jpg)
YOU ARE READING
JOURNEY TO LOVE
Romanceအချစ်ဆိုတာ အမြဲမချိုမြိန်နိုင်ပေမယ့် ခါးသက်သက်အရသာကို တကယ်ချစ်တတ်သူတိုင်း ရူးသွပ်စွဲလမ်းကြတာ လောကနိယာမတစ်ခုလို့ပြောရင် ယုံကြမလား