🌚🌚
Taehyung ရာသီဥတုသာယာနေသည်ကို ငေးလို့ကောင်းတုန်း...." ယောင်းငယ်...ဇက်ညောင်းလိမ့်မယ်လေ....ဘာတွေဒီလောက်ငေးကောင်းနေတာလဲ...."
" အင်္ဂလန်ကို ခုလိုခပ်ကြာကြာနေလိုက်မှ အရမ်းကြိုက်သွားလို့ Hyungie...ညောင်းတော့ညောင်းတယ်....ဟီး...."
" ဒါဆိုရင် Hyung နှိပ်ပေးမယ်လေ...."
" အာ...ရတယ်...အဲ့လက်လေးက ကျနော်အာဘွားပေးဖို့...."
Taehyung အကူညီတောင်းချင်ပေမယ့် အားနာမိသည်....တစ်ကိုယ်လုံးညီးစီစီဖြစ်နေ၍ ရေချိုးချင်ပေမယ့် ချစ်သူနုနုထွတ်ထွတ်လေးကို ရှက်မိနေပြန်သေးသည်...စိတ်ချင်းနားလည်နေသည့်အလား....
" ယောင်းငယ်...ရေချိုးမလား....အန်တီပြန်သွားထဲက မချိုးဖြစ်သေးဘူးမလား....အဝတ်စားတွေချွတ်လိုက်....Hyungie ချိုးပေးမယ်...."
" အာ...ရ...ရပါတယ်...မာမီပြန်လာမှ..."
" ညစ်ပတ်အိုးလေး....ဒီကရာသီဥတုအေးနေလို့ပေါ့...နို့မို့ဆို အနံ့တွေထွက်နေမှာ....အန်တီပြန်မလာမချင်း တစ်ပတ်လုံးလုံးရေမချိုးတော့ဘူးလို့ ဆုံးဖြတ်ထားတာပေါ့...."
" ညစ်ပတ်တယ်ဆိုမချစ်တော့ဘူးပေါ့...."
Hoseok pov...
ဒီကလေးခြေထောက်ဖြစ်ပီးမှ သိပ်အားငယ်တတ်တာပဲ...အရင်လို အခြေနေလေးအတိုင်း ပြုံးနေနိုင်အောင် Hyungie ကြိုးစားပါ့မယ်ယောင်းငယ်ရယ်....အမလေးတွေးရင်း ကြက်သီးထလိုက်တာHoseok ကိုယ့်အတွေးနဲ့ကိုယ် ကြိတ်ရယ်မိတော့...
" တစ်ယောက်ထဲ ရယ်နေတာ...အဲ့အတွေးထဲမှာ ကျနော်ရောပါလား Hyungie.....ရေချိုးပေးရင်း အသားယူမလို့တွေးနေတာတော့မဟုတ်ပါဘူးနော်..."
ပြောလဲပြော သူ့အောက်ပိုင်းကိုလဲ လက်နဲ့အုပ်ထားပီး စနေပြန်သေးသည်....
" ဟေး.....တော်ပီ...မစနဲ့တော့...လာရေချိုးမယ်...အင်္ကျီချွတ်..."
" Nurse....Nurse ခေါ်လိုက်မယ်လေ...."
" ရတယ်....Hyungie ကိုယ်တိုင်ချိုးပေးမယ်...."
ပြောရင်းဆိုရင်း အဝတ်စားတွေချွတ်ပေးလိုက်တော့ အဆီပိုမရှိ ကျစ်လစ်တောင့်တင်းသော ခန္ဓာကိုယ်လေးက မြှူဆွယ်နေပြန်သည်....အောက်ခံ Boxer လေးတစ်ထည်ထဲနှင့် ပွေ့ချီခဲ့လိုက်ပီး ရေချိုးခန်းထဲတွင် နေရာချပေးလိုက်သည်
![](https://img.wattpad.com/cover/274266947-288-k934655.jpg)
YOU ARE READING
JOURNEY TO LOVE
Romanceအချစ်ဆိုတာ အမြဲမချိုမြိန်နိုင်ပေမယ့် ခါးသက်သက်အရသာကို တကယ်ချစ်တတ်သူတိုင်း ရူးသွပ်စွဲလမ်းကြတာ လောကနိယာမတစ်ခုလို့ပြောရင် ယုံကြမလား