Part 15

1.9K 180 4
                                    

Jimin သတိရလာတော့ မရင်းနှီးသော အငွေ့အသက်တွေနဲ့ မျက်နှာကျက်ဖြူဖြူကိုတွေ့လိုက်ရသည်....

aww...ငါမေ့လဲသွားတယ်ထင်တယ်...အား....ရင်ဘတ်ထဲကနာလိုက်တာကွာ....မောင်ရော အဆင်ပြေပါ့မလား....

Jimin ထထိုင်လိုက်ခြင်းနှင့်အတူ ကုတင်ပေါ် ခေါင်းတင်အိပ်နေသော မန်နေဂျာ Na နိုးလာသည်....ကြည့်ရတာလဲ တစ်ညလုံးအိပ်ထားသည့်ပုံမပေါ်.....

" aww....Jiminie...နိုးပီလား...မူးနေတာတွေရော ရှိသေးလား...ဒီနေ့တော့ အိမ်မှာပဲနားလိုက်အုံးနော် "

" မဟုတ်ဘူးHyung....ကျနော်အလုပ်တွေရှုပ်နေမှ သူ့ကိုမဆက်သွယ်မိမှာ....Schedule တစ်ခုမှမဖျက်နဲ့....ကျနော်ရတယ်...အဆင်ပြေပါတယ်..."

" Hyung က Jiminie ကိုစိတ်ပူလို့ပြောတာလေ....ခဏလောက်တော့ နားလိုက်ပါJimin ရယ်..."

" ကျနော်အလုပ်မလုပ်ပဲ အားနေရင် သူ့ကိုဆက်သွယ်မိလိမ့်မယ်ဗျ....အနာပေးလိုက်ဆေးပေးလိုက်မလုပ်ချင်ဘူး.....
သူ...သူအဆင်ပြေမှာပါနော်Hyung...."

အဖျားသတ်တိုးဝင်သွားသောအသံနှင့်အတူ ငိုမဲ့မဲ့မျက်နှာလေးကို မကြည့်ရက်တော့....ငိုချင်နေသော ရွှေမင်းသားလေးကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ရင်း စိတ်ထဲကလဲ မချိတင်ကဲဒေါသတို့ထွက်နေရသည်...ပါးစပ်က နှစ်သိမ့်ပေးနေပေမယ့်လဲ Jimin မျက်ရည်ကျရင် အလိုလိုဝမ်းနည်းလာတာမို့ ကျလုဆဲဆဲမျက်ရည်တွေကို ဆက်မကျနိုင်အောင် မျက်လုံးအစုံတို့ကိုတင်းတင်းမှိတ်ထားသော အရူးတစ်ယောက် ရှိခဲ့လေတော့သည်

Manager Na Young Sik pov.....
မငိုပါနဲ့ကိုယ့်ရဲ့မင်းသားလေးရယ်....မင်းသားလေးကို သိပ်ချစ်တဲ့ မင်းသားလေးဘေးမှာရှိနေဖို့ ကိုယ့်ရဲ့ရွှေဘုံစံဘဝကို မေ့ပစ်ခဲ့တဲ့လူသားတစ်ယောက်ရှိနေပါသေးတယ်ကွာ....Jungkook ဆိုတဲ့သူထက် မသာရင်တောင် သူ့ထက်မလျော့တဲ့ချစ်ခြင်းတွေနဲ့ အနားမှာအမြဲရှိနေပေးပီး ကာကွယ်ပေးမယ်ဆိုတာ မင်းလေးကို သက်သေပြပေးပါ့မယ်ကွာ...

----------------------
Jeon စံအိမ်တွင်တော့ မနက်စာထမင်းဝိုင်းလေးသို့ မထိုင်စဖူး ဝင်လာထိုင်ပီး မနက်စာစားနေသော Jungkook ကို အားလုံးအံ့ဩနေကြ၍ ထမင်းဝိုင်းလေးက တိတ်ဆိတ်နေသည်....ထိုတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူက....

JOURNEY TO LOVEWhere stories live. Discover now