Suga တို့ ချိန်းထားသည့်ဟိုတယ်ရောက်တော့ အဆင်သင့်ပြင်ဆင်ထားသော Taehyung တို့က အခန်းလိုက်ပြသည်....
" ဟိုကောင်....မင်းဟုတ်မှလဲလုပ်နော်...."
" ငါ့Daddyအကြောင်း ငါအသိဆုံး...ဒါနောက်ဆုံးလက်နက်ပဲဖြစ်လိမ့်မယ်...."
" ခြေချော်လက်ချော်ဖြစ်ခဲ့ရင် နာမည်ပျက်မှာ မင်းတို့နော်...."
" JiJi ရော ကိုရော သိပါတယ် Hoseok hyung....ဒါပေမယ့် ဂုဏ်သိက္ခာကိုအရမ်းအလေးထားကြတဲ့ အဖေနှစ်ယောက်ကို ဒီနည်းနဲ့ပဲ ပုန်ကန်ရမှာပဲ....
သူတို့သားတွေရဲ့ အတွင်းရေးကိစ္စကို လိုင်းပေါ်တော့ဘယ်နည်းနဲ့မှအရောက်ခံမှာမဟုတ်ဘူး....ဒါကိုင်ပီးအကျပ်ကိုင်ရင်တော့ သဘောတူကောင်းပါရဲ့...."" သေချာတယ်ဆိုရင်တော့ ဝင်တော့လေ....ငါနဲ့အသဲလေးနဲ့ ဒီဖက်ခန်းမှာရှိနေမယ်....ဟိုIdol နှစ်ယောက်ကတော့ ဘယ်လိုမှမလစ်လို့ မလာတော့ဘူးတဲ့...."
Suga တို့ လုပ်မယ်သာပြောတာ တစ်ခါမှခုလိုမဖြစ်ဘူးတော့ လန့်နေသည်....ဟိုတယ်ခန်းကုတင်ကို ချိန်ထားသော Camera ကြီးက လန့်ဖျားဖျားလောက်သည်....
" ကို....ဖြစ်...ဖြစ်ပါ့မလား....JiJi ရှက်တယ်...."
" JiJi လေးရယ်....အစပိုင်းလောက်ပဲရိုက်ထားမှာပါ...ပီးရင် Camera ပိတ်ပစ်မှာပါ....မစိုးရိမ်ပါနဲ့ကလေးရယ်...."
" ကိုနဲ့မခွဲနိုင်လို့သာ လိုက်လျောရတာ...ဒီကိစ္စသာလိုင်းပေါ်ပြန့်သွားရင် JiJi ရှက်လို့သေမှာပဲ....."
" ကိုယ့်ကိုအရမ်းချစ်တယ်မလား....ဒါဆို ငြိမ်ငြိမ်လေးနေ...."
Suga စကားများနေသော Jihwan ကို စကားမဆက်စေတော့ဘဲ ချစ်ရိပ်မြုံလေးတစ်ခု ဖန်တီးလိုက်သည်...ဖြူဖြူဖွေးဖွေးခန္ဓာကိုယ်နှစ်ခုပေါ်တွင် Boxer လေးများသာ အရှက်လုံရုံဖုံးတော့သည့်အနေအထားတွင် Camera ကို ပိတ်ချလိုက်သည်.....
Jihwan တစ်ကိုယ်လုံးအနမ်းတို့၏ ခြေရာများ ပွစာကြဲလို့....ကုတင်ပေါ်တွင် လူးလွန့်နေသော ခန္ဓာကိုယ်သေးသေးသွယ်သွယ်လေးက ချစ်သံစဉ်များရေရွတ်နေသည်မှာ သမာဓိအားကောင်းသော Suga ပင် စိတ်လွတ်သွားသည်အထိ ကြမ်းတမ်းမိသည်....
YOU ARE READING
JOURNEY TO LOVE
Romanceအချစ်ဆိုတာ အမြဲမချိုမြိန်နိုင်ပေမယ့် ခါးသက်သက်အရသာကို တကယ်ချစ်တတ်သူတိုင်း ရူးသွပ်စွဲလမ်းကြတာ လောကနိယာမတစ်ခုလို့ပြောရင် ယုံကြမလား