Yumi ခါတိုင်းနေ့တွေထက် ညကသောက်တာများသွား၍ ရုံးအနီးနားက စားနေကျဆိုင်လေးသို့ ထွက်ပီး အမူးပြေစွပ်ပြုတ်မှာသောက်လိုက်သည်....ဘယ်ဘဝကရေစက်မှန်းမသိ...မတွေ့ချင်တဲ့သူက ကြိုရောက်နှင့်နေပြန်သည်....
အနံ့မွှေးမွှေးစွပ်ပြုတ်လေးက သောက်ချင်စဖွယ်...အရက်နာကျနေတဲ့အချိန် အမူးပြေစွပ်ပြုတ်လေးက အမူးပြေစေသည်....သောက်နေရင်းသူ့ကိုတစ်ယောက်ယောက်ကြည့်နေတယ်ထင်၍ မော့ကြည့်လိုက်တော့ ကမ္ဘာ့ရန် ပိုင်းလုံးကောင်က မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြန်သည်...
ဆက်မကြည့်တော့ပဲ စွပ်ပြုတ်ဆက်သောက်ဖို့ ခပ်လိုက်တော့ ပါလာတာက လက်ချောင်းပြတ်တစ်ခု....ဇွန်းထဲမှာအခန့်သား....
" အား........"
စားထားသမျှအကုန်ပြန်အန်ထွက်ကုန်သည်....မျက်နှာချင်းဆိုင်ဝိုင်းက ပိုင်းလုံးကောင်ကတော့ တသောသောလက်ခုပ်လက်ဝါးတီးပီး ရီနေတာ ပါးဆွဲရိုက်ချင်စရာကောင်းနေသည်....
" Park Jimin.....ဒါနင့်လက်ချက်မလား ပိုင်းလုံးကောင်....."
" အဘွားကြီး....ခုချိန်က ကျုပ်ရဲ့ရွှေခေတ်နော်....စတီးလက်ကောက်မဝတ်ချင်ရင် စကားကိုဆင်ခြင်ပြော...."
" နင်ကများ ရာရာစစ...."
ပြောရင်းဒေါသမထိန်းနိုင်ပဲ ပါးရိုက်မည်အလုပ် လက်ကိုဖမ်းဆွဲပီး လိမ်ချိုးခံလိုက်ရသည်....ပီးနောက် နောက်သို့ဆောင့်တွန်းခံလိုက်ရပီး....
" အရင်က ထယ်လေးမျက်နှာနဲ့ သည်းခံနေတာ....အကောင်းမှတ်မနေနဲ့...အစွယ်က သေခါနီးတောင် မကျိုးသေးဘူး....ချိုးပီး အဆိပ်ပါထုတ်ပေးမယ်....စိတ်ချ...."
" Park Jimin....နင်သေမယ်....."
ပြောပီး ဘေးကဖန်ခွက်နဲ့ကောက်ပေါက်လိုက်ပေမယ့် Jimin ကိုမမှန်ပဲ Jimin ကိုကာပေးလိုက်သည့် ဘေးကဘော်ဒီဂတ်နှစ်ယောက်၏ ကျောကိုသွားမှန်သည်.....Na ကိုထားခဲ့မိတာ နောင်တရမိသည်....Na သာရှိရင် ဒီမိန်းမ တစ်စဆီဆွဲဖြဲခံရမှာ မလွဲမသွေ.....
" အဲ့ဒေါသတွေကြောင့် တက်သေသွားမှ ကျုပ်အမှုပတ်နေအုံးမယ်....ဒေါသလေးဘာလေး လျှော့ပါအုံးအဘွားကြီးရယ်....ဟားဟားဟား...."

YOU ARE READING
JOURNEY TO LOVE
Romansaအချစ်ဆိုတာ အမြဲမချိုမြိန်နိုင်ပေမယ့် ခါးသက်သက်အရသာကို တကယ်ချစ်တတ်သူတိုင်း ရူးသွပ်စွဲလမ်းကြတာ လောကနိယာမတစ်ခုလို့ပြောရင် ယုံကြမလား